အချစ်ကျွန်
အနိုင်
မောင်ငိုလိုက်ရင် ပုလဲလေး ခမယ်
ဆိုရင် ငိုမယ်
မောင်ရယ်လိုက်ရင် ရွဲလေး ခမယ်
ဆိုရင် ရယ်မယ်
သံပတ်ပေးတဲ့ စက်ရုပ် လေးလို
ထင်နေ ရင်ကွယ်
မေစေ ခိုင်းသမျှ
အကြိုက်လိုက် သူပါကွယ် . .
ဒါအမှန်တရားပါ ခေါင်းငြိမ့်လိုက်ပါ
ဆိုရင် လွယ်လွယ်
ဒါဟာမှားတယ် ခေါင်းလေးလိုက်ခါ
ဆိုရင် ခါမယ်
မောင်ယုံထားမယ် မင်းပြောသမျှတွေ
အမှန်တွေ ပါကွယ်
ဆင်ခြေလေးတော့ မပေးခဲ့သူပါကွယ် . .
မလိမ်ညာပါဘူးမှန်သော သစ္စာ
ဆိုကာထားမယ်
အကြင်နာ ရည်စူး မမုန်းနိုင် ပါဘူးကွယ်
နှောင်ကြိုး လေးတွေ နွယ်ပြီး မှကွယ်
ချစ်ထုံး လေးကို ဖြေခဲ့တယ်
သံသယ စိတ်တွေ ၀င်စား လို့ကွယ်
ပစ်မုန်း ပြေးကာ ရှောင်လို့ဖယ်
အမှန်တရား ပျောက်ကွယ်
ကံတရား ကြောင့်ရယ်
ပုံချလို့သာ မဆို နဲ့ကွယ်
မောင် လိုလူကို
ငဲ့ကြည့်ပါဦး အချစ်ရယ်
မင်းအလိုကျ အကြိုက် ဆောင်ခဲ့တယ်..
ဘာကြောင့် များကွယ်
မုန်းမာန်ပွားကာ ရက်စက်လေအားတယ်..
မောင်ငို လိုက်ရင် ပုလဲလေး ခမယ်
ဆိုရင် ငိုမယ်
မောင်ရယ် လိုက်ရင် ရွဲလေး ခမယ်
ဆိုရင် ရယ်မယ်
သံပတ်ပေးတဲ့ စက်ရုပ် လေးလို
ထင်နေ ရင်ကွယ်
မေ စေခိုင်း သမျှ
အကြိုက် လိုက် သူပါကွယ်. .
ဒါအမှန်တရားပါ ခေါင်းငြိမ့် လိုက်ပါ
ဆိုရင် လွယ်လွယ်
ဒါဟာမှားတယ် ခေါင်းလေး လိုက်ခါ
ဆိုရင် ခါမယ်
မောင်ယုံထားမယ် မင်းပြော သမျှတွေ
အမှန်တွေ ပါကွယ်
ဆင်ခြေ လေးတော့ မပေး ခဲ့သူပါကွယ်. .
မလိမ်ညာပါဘူး မှန်သော သစ္စာ
ဆိုကာ ထားမယ်
အကြင်နာ ရည်စူး
မမုန်းနိုင် ပါဘူးကွယ်
နှောင်ကြိုး လေးတွေ နွယ်ပြီး မှကွယ်
ချစ်ထုံး လေးကို ဖြေခဲ့တယ်
သံသယ စိတ်တွေ ၀င်စား လို့ကွယ်
ပစ်မုန်း ပြေးကာ ရှောင်လို့ဖယ်
အမှန်တရား ပျောက်ကွယ်
ကံတရား ကြောင့်ရယ်
ပုံချလို့သာ မဆို နဲ့ကွယ်
မောင် လိုလူကို
ငဲ့ကြည့်ပါဦး အချစ်ရယ်
မင်းအလိုကျ အကြိုက် ဆောင်ခဲ့တယ်..
ဘာကြောင့် များကွယ်
မုန်းမာန်ပွားကာ ရက်စက်လေအား တယ်..
ကျေးဇူးတင်ပါတယ်(လေးစိုး)