ငွေ ချစ်သူ
တေးဆို အာကာ ၊ မိုးထက်
မင်းတို့ အသိုင်းဝိုင်း စည်းချက်ထဲက
ငွေတံတိုင်းများ ခြားနား...
ငါလိုကောင်က ငွေတံတိုင်းမပြောနဲ့
အုတ်တံတိုင်းတောင် မရှိပါ...
ငါပိုင်ဆိုင်တာ နှလုံးသား
တစ်ခုနှင့် ဖြူစင်တဲ့ မေတ္တာတရား
အရောင်ဆိုးတတ်တဲ့ ငွေကြေးတွေတော့
ငါ မပိုင်ဆိုင်ပါကွာ..
နင်ပြောခဲ့သလိုပဲ ငါဟာ အရှုံးရမှာ...
ငါ သိလိုက်ပြီပေါ့ ငါဟာ အရှုံးသမားပါ..
ပျော်ရာကိုသွား..အဆင်ပြေမယ်ဆို သွားပါ
ငါသတ်သေလည်း နင်ဂရုမစိုက်ပါနဲ့..
မင်းမိဘ သဘောတူသူကို လက်ထပ်နိုင်တယ်
ငါသတ်သေရင်လည်း နင်လှည့်မကြည့်ပါနဲ့ ..
မင်းမိဘ ပေးစားသူနဲ့ ယူလိုက်ပါကွယ်
ငွေချစ်သူရယ်......
မရှိသေးတဲ့ သီချင်းလေးတွေ တောင်းချင်ရင်
CBသို့လာတောင်းလို့ရပါတယ်ခင်ဗျ
အပေါင်းသင်းတွေ ပြောတဲ့စကား
အခုတော့ အတည်မှန်ပါလားကွာ
အိုး..မင်းချစ်သူက မင်းကိုချစ်တာမဟုတ်
ငွေသာ ချစ်သူပါ...
အဲ့ဒီစကား ငါမယုံကြည်မိလို့
အမှားကြီး အခုမှ မှား
အသည်းကွဲ ဒဏ်ရာတွေ
တစ်ပွေ့တစ်ပိုက်ကြီးနဲ့
မင်းက ထားခဲ့တာ....
နင်ပြောခဲ့သလိုပဲ ငါဟာ အရှုံးရမှာ...
ငါသိလိုက်ပြီပေါ့ ငါဟာ အရှုံးသမားပါ..
ပျော်ရာကိုသွား...အဆင်ပြေမယ်ဆို သွားပါ
ငါသတ်သေလည်း နင်လှည့်မကြည့်ပါနဲ့
မင်းမိဘ သဘောတူသူကို လက်ထပ်နိုင်တယ်
ငါသတ်သေရင်လည်း နင်ဂရုမစိုက်ပါနဲ့..
မင်းမိဘ ပေးစားသူနဲ့ ယူလိုက်ပါကွယ်..
ငွေ ချစ်သူရယ်..........oh.
တစ်ကယ်ချစ်တတ်တဲ့ နှလုံးသားလေးတော့
မီးလောင် ပြာကျပြီ
ဒီ ငွေတံတိုင်းတွေလည်း........eee...
ငါ့ကို အလိုမရှိကြမှန်း အခုမှသိတယ်
ငါ သတ်သေရင်လည်း နင် ဂရုမစိုက်ပါနဲ့
မင်းမိဘ ပေးစားသူနဲ့ ယူလိုက်ပါကွယ်
ငွေ ချစ်သူရယ်..........
အိုး..
နင်ချစ်တဲ့ ငွေ ပုံပေါ်မှာ
ဆက်နေပါ...ကွယ်....