****ငါသွားတော့မယ်****
ဆို-အာဇာနည်
၃
၂
၁
GO
[ P1 ]ငါချစ်ခဲ့မိတာတွေအတွက် တောင်းပန်တယ်...
တစ်ကယ်ဆို ငါ့ဘ၀က နင်နဲ့မှမတန်ဘဲ
အပြစ်ရှိတယ်ဆိုလည်း
ကြေပါ ဒီနေရာမှာ ဆိုခဲ့တော့မယ်..
ရင်ခုန်ခြင်းတွေလည်း
တစ်စစီကောက်သိမ်းရင်းကွယ်
[ P2 ]အနှောက်အယှက် တစ်ခုလိုထင်ရင်လည်း
တောင်း ပန်တယ်
ဒီနေ့ကစ စိတ်မဆင်းရဲစေကွယ်...
အဖိုးမထိုက်တန်လေတဲ့ ရင်မှာ
အကြင်နာတွေကို ပြန်သိမ်းထားမယ်
ဒီသီချင်းနဲ့ပဲ မင်းကို ကိုယ်နှုတ်ဆက်တယ်
[ P1 ]ငါသွားတော့မယ် လေထဲလွင့်ထွက်
ရွက်ကြွေတွေလို ဟိုးအဝေးကွယ်...
ငါသွားရမဲ့ အခိုက်မှာ ငိုသူမရှိဘူး နားလည်
ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမလဲ
ငွေကြေးမရှိတဲ့ ဘ၀မှာ
ကြင်နာသူလည်းမရှိ ငါနားလည်တယ်
[ P2 ]ငါ့ဘ၀ကနုံချာလို့ ကြိုးစားခဲ့လည်း
ခိုးမစားတော့ မတိုးပွားခဲ့နိုင်တယ်
အားပေးတဲ့ ကံကြမ္မာနဲ့
နေထိုင် ရှင်သန်ချိန်မှာငါရိုးသားမယ်
မခေါ်ချင်ထားခဲ့ဦး
မင်းကို..ကိုယ်ခွင့်လွှတ်တယ်
[P1+P2]အို.သွားတော့မယ် လေထဲလွင့်ထွက်
ရွက်ကြွေတွေလို ဟိုးအဝေးကွယ်...
ငါသွားရမဲ့အခိုက်မှာ ငိုသူမရှိဘူး နားလည်
ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမယ်
ငွေကြေးမရှိတဲ့ဘ၀မှာ
ကြင်နာသူဆိုတာလဲမရှိ ငါနား လည်တယ်
၃
၂
၁
[P1]လေထဲလွင့်ထွက် ရွက်ကြွေတွေလို
ဟိုးအဝေးကွယ်...
ငါသွားရမဲ့အခိုက်မှာ ငိုသူမရှိဘူး နားလည်
ရင်ထဲ ၀မ်းနည်းသမျှတွေ ဘယ်သူကူ ခံစားမလဲ
ငွေကြေးမရှိတဲ့ဘ၀မှာ ကြင်နာသူလည်းမရှိ
[ P2 ]လထဲလွင့်ထွက် ရွက်ကြွေတွေလို
ဟိုးအဝေးကွယ်...
ငါသွားရမဲ့ အခိုက်မှာ
ငိုသူမရှိဘူး နားလည်….
ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမလဲ
ငွေကြေးမရှိတဲ့ဘ၀မှာ
ကြင်နာသူဆိုတာလည်းမရှိ သိခဲ့တယ်
[ P1+P2 ]သွားတော့မယ်.(သွားတော့မယ်)
သွားတော့မယ်.(သွားတော့မယ်)
သွားတော့မယ်.(သွားတော့မယ်)
*****DEMO*****