သီချင်း -ချစ်သူဆွဲအား
တေးဆို - အိုင်းရင်းဇင်မာမြင့်
ရင်ခုန်အောင်ပြုံးမပြနဲ့အချစ်ဆုံးရယ်
သူများတွေ ရင်ထဲမှာ
အချစ်ရိပ်လေးမသန်းစေချင်ဘူး
သဝန်တိုနေတာမဟုတ်ဘူးကွာ
ဒီလိုအပြုံးကြောင့်ချစ်လာခဲ့တာ
အချစ်ဆုံးမျက်လုံးလေးကဆွဲအားပိုနေလို့ပါ
ချိုသာတဲ့စကားလေးနဲ့အချစ်ဆုံးရေ
သူများတွေရင်ထဲမှာ စွဲလန်းစိတ်မဖြစ်စေချင်ဘူး
အပိုတွေဆိုတာမဟုတ်ဘူးကွာ
အတွယ်တာစကားကြောင့်ချစ်လာခဲ့တာ
အချစ်ဆုံးနှုတ်ဖျားလေးကဆွဲအားပိုနေလို့ပါ
တစ်ယောက်ထဲချစ်တယ် အသက်လောက်ချစ်တယ်
အမြဲတမ်းမခွဲပဲ အကြင်နာအချစ်ဆုံးရိပ်ဟာ
အေးချမ်းတယ်
ဝေးဝေးမသွားပါနဲ့ မဆွေးရဲလို့ပါကွယ်
အသည်းလေးနုနုမချစ်စဖူး အချစ်ဦးလေးမို့
စိုးလွန်းလို့ပါ
ရင်ခုန်အောင်ပြုံးမပြနဲ့အချစ်ဆုံးရယ်
သူများတွေရင်ထဲမှာ အချစ်ရိပ်လေးမသန်းစေချင်ဘူး
သဝန်တိုနေတာမဟုတ်ဘူးကွာ
ဒီလိုအပြုံးကြောင့်ချစ်လာခဲ့တာ
အချစ်ဆုံးမျက်လုံးလေးကဆွဲအားပိုနေလို့ပါ
ရင်ခုန်အောင်ပြုံးမပြနဲ့အချစ်ဆုံးရယ်
သူများတွေ ရင်ထဲမှာ အချစ်ရိပ်လေး မသန်းစေချင်ဘူး
သဝန်တိုနေတာမဟုတ်ဘူးကွာ
ဒီလိုအပြုံးကြောင့်ချစ်လာခဲ့တာ
အချစ်ဆုံးမျက်လုံးလေးကဆွဲအားပိုနေလို့ပါ
တစ်ယောက်ထဲချစ်တယ် အသက်လောက်ချစ်တယ်
အမြဲတမ်းမခွဲပဲ အကြင်နာအချစ်ဆုံးရိပ်ဟာအေးချမ်းတယ်
ဝေးဝေးမသွားပါနဲ့ မဆွေးရဲလို့ပါကွယ်
အသည်းလေးနုနု မချစ်စဖူးအချစ်ဦးလေးမို့ စိုးလွန်းလို့ပါ
တစ်ယောက်ထဲချစ်တယ် အသက်လောက်ချစ်တယ်
အမြဲတမ်းမခွဲပဲ အကြင်နာအချစ်ဆုံးရိပ်ဟာအေးချမ်းတယ်
ဝေးဝေးမသွားပါနဲ့ မဆွေးရဲလို့ပါကွယ်
အသည်းလေးနုနု မချစ်စဖူး အချစ်ဦးလေးမို့ စိုးလွန်းလို့ပါ
ချိုသာတဲ့စကားလေးနဲ့အချစ်ဆုံးရေ
သူများတွေရင်ထဲမှာ စွဲလန်းစိတ်မဖြစ်စေချင်ဘူး
အပိုတွေဆိုတာမဟုတ်ဘူးကွာ
အတွယ်တာစကားကြောင့်ချစ်လာခဲ့တာ
အချစ်ဆုံးနှုတ်ဖျားလေးကဆွဲအားပိုနေလို့ပါ
အချစ်ဆုံးမျက်လုံးလေးကဆွဲအားပိုနေလို့ပါ
အချစ်ဆုံးနှုတ်ဖျားလေးကဆွဲအားပိုနေလို့ပါ