သီချင်းလေးကိုချစ်တာလား တို့ကိုချစ်တာလား
ဆို အေသင်ချိုဆွေ
Ready ...!
1
2
3
Go...
တို့ရဲ့သီချင်းလေးကို
မင်းခင်တွယ်တာလား..
တို့ရဲ့ နှလုံးသားကို
မင်းကြင်နာတာလား..
ကွဲပြားခြားနားတဲ့
အဖြေကို ရောနှောမပြစ်လိုက်နဲ့
သေခြာပြန်လည် စဉ်းစားကြည့်လိုက်ဦး
မရေမရာ တွေဝေကာ
မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်
ရောရောထွေးထွေး လာမချစ်နဲ့ကွယ်
တော်ကြာပြင်ရန် ခက်မယ်
မသေမချာ ဖြေသူရယ်
ခွဲခွဲခြားခြား ပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကိုဆွေးရအောင်
ယာယီလာမချစ်နဲ့ကွယ်..
တို့ရဲ့သီချင်းထဲမှာ
မင်းသာယာတာလား..
တို့ရဲ့နှလုံးသားကို
မင်းလိုချင်တာလား..
မင်းရဲ့ အတွင်းစိတ်က
ရည်ရွယ်ချက် ပြတ်ပြတ်သားသား
အချိန်ယူကာ အလေးနက်ဆုံးဖြတ်ဦး
ဖြူဖြူစင်စင် ခင်နိုင်တယ်
သီချင်းလေးကြောင့် တို့ကိုစွဲလမ်းရင်
သီချင်းလေးငြီးငွေ့သလို့
မင်းအချစ်တွေ..
ကြာရှည် ခိုင်မာဖို့မလွယ်
မှန်မှန်ကန်ကန် ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ
အေးချမ်းတဲ့ဘဝ လာမဖျက်နဲ့ကွာ
ကြိုတင် သတိပေးထားမယ်
Ready ...!
1
2
3
Go...
မှန်မှန်ကန်ကန် ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ
အေးချမ်းတဲ့ဘဝ လာမဖျက်နဲ့ကွာ
ကြိုတင် သတိပေးထားမယ်
မရေမရာ တွေဝေကာ
မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်
ရောရောထွေးထွေး လာမချစ်နဲ့ကွယ်
တော်ကြာပြင်ရန် ခက်မယ်
မသေမချာ ဖြေသူရယ်
ခွဲခွဲခြားခြား ပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကိုဆွေးရအောင်
ယာယီလာမချစ်နဲ့ကွယ်..
ယာယီလာမချစ်နဲ့ကွယ်..
ကြိုတင် သတိပေးထားမယ်..