ဒီဇင်ဘာ ညတစ်ည
တေးရေး -ဂျက်ဆင်သန်းဖေ
တေးဆို -အောင်မြင့်မြတ်
Uploadedby ƬӇเ༄ɦα
ဖတ်လက်စဝတ္ထုဆက်ကာ ဖတ်လို့မရတာနဲ့
လမ်းအပြင်ထွက် လျှောက်မိတယ်
ဒီဇင်ဘာညတစ်ည နှင်းကျတဲ့ည....
အပြင်မှာ အေးစက်သလောက် ရင်ထဲမှာပူလောင်နေဆဲ..
တရေးလောက် ကြိုးစားအိပ်လည်း အိပ်လို့မရတာနဲ့
လမ်းအပြင်ထွက် လျှောက်မိတယ်
ဒီဇင်ဘာညတစ်ည သာနေတဲ့လလို
အပြင်မှာ အေးချမ်းသလောက်
ရင်ထဲမှာပူလောင်နေဆဲ....
အချစ်ဆုံး အေးရိပ် ခိုနားချင်သေးတယ်
အချစ်ဆုံး အနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
အချစ်ဆုံး အေးရိပ် ခိုနားချင်သေးတယ်
အချစ်ဆုံး အနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
ချစ်လက်စချစ်ဖို့ အမုန်းတွေ စွန်းထင်းရောတာနဲ့
ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြမယ်
ဒီဇင်ဘာညတစ်ည သာနေတဲ့လလို
အမြင်မှာ အေးချမ်းသလောက်
တို့နှစ်ယောက်က ဟန်ဆောင်နေဆဲ
တရေးလောက် ကြိုးစားအိပ်လည်း
အိပ်လို့မရတာနဲ့
လမ်းအပြင်ထွက် လျှောက်မိတယ်...
ဒီဇင်ဘာညတစ်ည သာနေတဲ့လလို
အပြင်မှာ အေးချမ်းသလောက်
ရင်ထဲမှာပူလောင်နေဆဲ
အချစ်ဆုံး အေးရိပ် ခိုနားချင်သေးတယ်
အချစ်ဆုံး အနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
အချစ်ဆုံး အေးရိပ် ခိုနားချင်သေးတယ်
အချစ်ဆုံး အနွေးငွေ့ ပိုက်ထွေးပါဦးကွယ်
တရေးလောက် ကြိုးစားအိပ်လည်း
အိပ်လို့မရတာနဲ့
လမ်းအပြင်ထွက် လျှောက်မိတယ်
ဒီဇင်ဘာညတစ်ည သာနေတဲ့လလို
အပြင်မှာ အေးချမ်းသလောက်
ရင်ထဲမှာပူလောင်နေဆဲ
အပြင်မှာ အေးချမ်းသလောက်
ရင်ထဲမှာပူလောင်နေဆဲ.....
Uploadedby ƬӇเ༄ɦα
END