ကြင်နာသူ
ကိုယ်နဲ့ချစ်ခဲ့ပြီးမှ
သူတစ်ပါးခူးဆွတ်တာ
စိုးရိမ်ရတာကြုံဖူးကြမယ်
ရာဇဝင်မှာ
သူရဲကောင်းကြီးဖြစ်တဲ့
စစ်သားကြီးအသည်းနဲ့
ဥဿာနဲ့ ပုဂံ
ဒီလမ်းကိုဆက်ခဲ့သူရှိတယ်
ကြင်နာသူ
ကိုယ်နဲ့ချစ်ခဲ့ပြီးမှ
သူတစ်ပါးခူးဆွတ်တာ
စိုးရိမ်ရတာကြုံဖူးကြမယ်
ရာဇဝင်မှာ
သူရဲကောင်းကြီးဖြစ်တဲ့
စစ်သားကြီးအသည်းနဲ့
ဥဿာနဲ့ ပုဂံ
ဒီလမ်းကိုဆက်ခဲ့သူရှိတယ်
ရန်သူကို ဖြိုခွင်းကာ
ပေးခဲ့ဖူးတဲ့
ကျေးဇူးကြောင့်ကွယ်
ဥဿာရှင်ချစ်ကြည်ရင်းလို့
ရွှေလမ်းတွေခင်းဖို့ရယ်
သမီးတော်ကိုကွယ်
ပုဂံမင်းထံဆက်စေပြန်တယ်
မြတ်နိုးသူရယ်
အခုမှခက်ပြီကောအချစ်ရယ်
ချစ်ခြင်းငယ်ပြိုင်
နှစ်ကိုယ်တိုင်တည်
ထားလည်းကွယ်
ဒီနိုင်ငံအရေးကြောင့်ရယ်
လွမ်းရေးကို မတွေးနိုင်ပါကွယ်
ဆုံးရှုံးစေတော့အချစ်ရယ်
စွန့်ရတော့မယ် ခင်ဦးငယ်ရယ်
နွေတစ်ရာပူပြင်းခဲ့ပါစေ
သူမသိအောင် နေပြပါ့မယ်
ရင်ထဲမှာကြွေတဲ့မျက်ရည်
မင်းမသိအောင်
ကြွေမယ်အချစ်ရယ်
ကိုယ်ကိုယ်တိုင်
စောင့်ရှောက်လို့
ခေါ်လာရတယ်
ကိုယ်ကိုယ်တိုင်
ဘုရင့်ထံပါးနှင်းအပ်ရတယ်
ချစ်တယ်သြော်သိပ်ချစ်တယ်
အသည်းနင့်အောင်
ချစ်ရပေမယ့်
ကျန်စစ်သားရယ်
အချစ်ရှုံးသမားမို့
နှစ်ပြည်ထောင်လမ်းကို
အသည်းနဲ့ခင်းခဲ့တယ်
ကြင်နာသူ ကိုယ်နဲ့ချစ်ခဲ့ပြီးမှ
သူတစ်ပါးခူးဆွတ်တာ
စိုးရိမ်ရတာကြုံဖူးကြမယ်
ရာဇဝင်မှာ
သူရဲကောင်းကြီးဖြစ်တဲ့
စစ်သားကြီးအသည်းနဲ့
ဥဿာနဲ့ ပုဂံ
ဒီလမ်းကို ဆက်ခဲ့သူရှိတယ်
ကြင်နာသူ ကိုယ်နဲ့ချစ်ခဲ့ပြီးမှ
သူတစ်ပါးခူးဆွတ်တာ
စိုးရိမ်ရတာ ကြုံဖူးကြမယ်
ရာဇဝင်မှာ
သူရဲကောင်းကြီးဖြစ်တဲ့
စစ်သားကြီးအသည်းနဲ့
ဥဿာနဲ့ ပုဂံ
ဒီလမ်းကို ဆက်ခဲ့သူရှိတယ်
ရန်သူကို ဖြိုခွင်းကာ
ပေးခဲ့ဖူးတဲ့
ကျေးဇူးကြောင့်ကွယ်
ဥဿာရှင်ချစ်ကြည်ရင်းလို့
ရွှေလမ်းတွေခင်းဖို့ရယ်
သမီးတော်ကိုကွယ်
ပုဂံမင်းထံ ဆက်စေပြန်တယ်
မြတ်နိုးသူရယ်
အခုမှခက်ပြီကော
အချစ်ရယ် ချစ်ခြင်းငယ်ပြိုင်
နှစ်ကိုယ်တိုင်တည်ထားလည်းကွယ်
ဒီနိုင်ငံအရေးကြောင့်ရယ်
လွမ်းရေးကို မတွေးနိုင်ပါကွယ်
ဆုံးရှုံးစေတော့အချစ်ရယ်
စွန့်ရတော့မယ် ခင်ဦးငယ်ရယ်
နွေတစ်ရာပူပြင်းခဲ့ပါစေ
သူမသိအောင် နေပြပါ့မယ်
ရင်ထဲမှာကြွေတဲ့မျက်ရည်
မင်းမသိအောင်
ကြွေမယ်အချစ်ရယ်
ကိုယ်ကိုယ်တိုင်
စောင့်ရှောက်လို့ခေါ်လာရတယ်
ကိုယ်ကိုယ်တိုင်
ဘုရင့်ထံပါး နှင်းအပ်ရတယ်
ချစ်တယ် သြော်သိပ်ချစ်တယ်
အသည်းနင့်အောင်ချစ်ရပေမယ့်
ကျန်စစ်သားရယ်
အချစ်ရှုံးသမားမို့
နှစ်ပြည်ထောင်လမ်းကို
အသည်းနဲ့ခင်းခဲ့တယ်