menu-iconlogo
huatong
huatong
avatar

လွမ်းသူ့စာခွေ

အနိုင်huatong
👀AMK1332👀huatong
Lyrics
Recordings
လွမ်းသူ့စာခွေ

ရေး / နေထွဏ်းဦး

ဆို / အနိုင် - ပိုးအိစံ

🎼🎼🎼🎼🎼

....🎤

နေရာဟောင်းကို ရောက်ရင်

ချစ်သက်သေတွေ မြင်တိုင်း

ရင်လှိုင်းက မပြယ်

ပိုလို့သာ ဆွေးစေတယ်ကွယ်

ညကမ္ဘာဝတ်ရုံ

ကြယ်စုံသော်လည်း

လက မသာသလိုပဲကွယ်

♪ ♪ ♪ ♪ ♪

လေပြေ သွေးရင် သွေးရင်

ချစ်သူ ခေါ်သံတွေလား

ထင်မှားမိတယ်

ငယ်ချစ်ရေသိစေချင်တယ်

သစ်ရွက်ကလေးတွေ

ကြွေပြန်တော့လည်း

ချစ်သူ့ ခြေသံလေလားကွယ်

ပင်ယံဟိုထက်ဖျားက

ဥသြငယ် တေးဆိုရင်ကွယ်

လွမ်းသံ လွမ်းသံ

လွမ်းသံရယ်နှောတော့

ငယ်ချစ်ကိုပဲ လွမ်းမိတယ်

အချစ်ရယ် အချစ်ရယ်

ပြန်ခဲ့ပါ လွမ်းနေပြီကွယ်

အချစ်ရယ် အချစ်ရယ်

ပြန်ခဲ့ပါတော့လွမ်းလှပြီပေါ့ကွယ်

♪ ♪ ♪ ♪ ♪

ဟိုတောင်ဆီက ရွှေမိုးညိုရင်

ဟိုတောင်ဆီက ရွှေမိုးညိုရင်

လွမ်းစိတ်တွေသာဝင်

အသည်းတော့

ဘယ်အခါဖြေမရွှင်

လွမ်းစိတ်တွေသာဝင်

အသည်းတော့

ဘယ်အခါဖြေမရွှင်

အချစ် ဘယ်ဆီမှာနေ

မျှော်မှန်း တမ်းတလို့လေ

ယောင်ယမ်းကာ လွမ်းနေ

မိုး ခေါ်နေ ခေါ်နေ

ဖားငယ်လေးရေ

ဖြေကြားပါလားလေ

ငှက် မောင်နှံ မောင်နှံ

ပျံသန်းရင်း နဲ့လေ

ငယ်ချစ်ကို တွေ့ရင်

မင်းကြင်နာသူ ခမျာ

မျှော်ရင်းလွမ်းလှပြီး

ကူပြောပါလားလေ

အချစ်ရယ် အချစ်ရယ်

ပြန်ခဲ့ပါ လွမ်းနေပြီကွယ်

အချစ်ရယ် အချစ်ရယ်

ပြန်ခဲ့ပါတော့ လွမ်းလှပြီပေါ့လေ

🎼🎼🎼🎼🎼

....🎤

ဟိုတောင်ဆီက ရွှေမိုးညိုရင်

ဟိုတောင်ဆီက ရွှေမိုးညိုရင်

လွမ်းစိတ်တွေသာဝင်

အသည်းတော့

ဘယ်အခါဖြေမရွှင်

လွမ်းစိတ်တွေသာဝင်

အသည်းတော့

ဘယ်အခါဖြေမရွှင်

အချစ် ဘယ်ဆီမှာနေ

မျှော်မှန်း တမ်းတလို့လေ

ယောင်ယမ်းကာ လွမ်းနေ

မိုး ခေါ်နေ ခေါ်နေ

ဖားငယ်လေးရေ

ဖြေကြားပါလားလေ

ငှက် မောင်နှံ မောင်နှံ

ပျံသန်းရင်း နဲ့လေ

ငယ်ချစ်ကို တွေ့ရင်

မင်းကြင်နာသူ ခမျာ

မျှော်ရင်းလွမ်းလှပြီး

ကူပြောပါလားလေ

အချစ်ရယ် အချစ်ရယ်

ပြန်ခဲ့ပါ လွမ်းနေပြီကွယ်

အချစ်ရယ် အချစ်ရယ်

ပြန်ခဲ့ပါတော့

လွမ်း လှ ပြီ ပေါ့ လေ။

👀Amk1332👀

More From အနိုင်

See alllogo