menu-iconlogo
huatong
huatong
avatar

ခဏလူ

ကောင်းကောင်းhuatong
ငယံ-(NgaYan)huatong
Lyrics
Recordings
ရေး-ကောင်းကောင်း

ဟူး....ဟူး....ဟူ

ရင်ခုန်သံများနဲ့ အချစ်တူ တို့နှစ်ဦးသား

ဘယ်အခါမှ မခွဲတမ်းပဲ ရည်စူးထားခဲ့ကြ

အကြင်နာတွေ အတုံ့အလှည့် ပေးကာ

ရေရွတ်မိခဲ့ကြ သစ္စာစကား

လေညှင်းများ တိုက်ခတ် ညနေခင်း

အတူလက်တွဲပြီး လျှောက်လာခဲ့ လမ်းပေါ်

ရင်ခုန်သံ ရစ်ပတ်ထားကာ

အကြင်နာတွေ မင်းပေးခဲ့သမျှ ပြန်သတိရ

အခုတော့ ပျက်ဆီးခဲ့ရပြီ တို့ ကတိစကား

တသိမ့်သိမ့်စီးကာ ကျခဲ့ရ ငါ့မျက်ရည်များ

နောက်ဆုံးတော့ သိ ရ ပြီ

မင်းလေးအတွက် တို့ခဏလူပါ

မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ရပြီ

အကြင်နာများ တစိမ့်စိမ့် ထွက်ခွာလို့ သွားပြီ

ရည်စူးထားတဲ့ ပန်းတိုင်အထိ

လက်လှမ်းမမီ

အော်...

နာကြင်စွာ လှိုင်းထခဲ့ပြီ တို့နှလုံးသား

ခံနိုင်ရည်မွေးဖို့ စွမ်းအင်များလည်း မရှိ

မုန်တိုင်းများ ကြားမှာ

ငါလေတစ်ယောက်တည်း ကူးခတ်နေရ ဟူးးးး

ဝေဟင်ယံ ပြေးလွှားငှက်ငယ် အတောင်ညောင်းပြီ

အရင်နေရာဟောင်းလည်း ငါ့အပေါ် သစ္စာမရှိတော့

ပြန်မရနိုင်မှန်းလည်း သိပြီ

သံယောဇဉ် အသစ်လည်း တို့မှာမရှိတော့

အခုတော့ ပျက်ဆီးခဲ့ရပြီ တို့ ကတိစကား

တသိမ့်သိမ့်စီးကာ ကျခဲ့ရ ငါ့မျက်ရည်များ

နောက်ဆုံးတော့ သိရပြီ

မင်းလေးအတွက် တို့ခဏလူပါ

မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ရပြီ

အကြင်နာများ တစိမ့်စိမ့် ထွက်ခွာလို့ သွားပြီ

ရည်စူးထားတဲ့ ပန်းတိုင်အထိ

လက်လှမ်းမမီ

ဟူဝိုးးး

မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့ရပြီ

အကြင်နာများ တစိမ့်စိမ့် ထွက်ခွာလို့ သွားပြီ

ရည်စူးထားတဲ့ ပန်းတိုင်အထိ

အခုတော့ ပျက်ဆီးခဲ့ရပြီ တို့ ကတိစကား

တသိမ့်သိမ့်စီးကာ ကျခဲ့ရ ငါ့မျက်ရည်များ

နောက်ဆုံးတော့ သိရပြီ

မင်းလေးအတွက် တို့ခဏလူပါ

မျှော်လင့်ထားသမျှ ဆုံးရှုံးရပြီ

အကြင်နာများ တစိမ့်စိမ့် ထွက်ခွာလို့ သွားပြီ

ရည်စူးထားတဲ့ ပန်းတိုင်အထိ

လက်လှမ်းမမီ

More From ကောင်းကောင်း

See alllogo

You May Like