menu-iconlogo
huatong
huatong
avatar

စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်

ကော်နီhuatong
precisionbodyhuatong
Lyrics
Recordings
1.မေခနဲ့မလိခ ဆုံစီးဆင်းရာ

ဂျိမ်းဖောတို့ရှိတဲ့ ဌာနေ

တစ်နယ်စီခြားနေလည်း

ရင်မှာအမြဲ တည်ဆဲ

စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်

2.ဖားစည်သံနားထဲ ချိုပျံ့လွှင်လာ

ချစ်ညီအကိုတို့ ဇွဲကပင်မြေ

ဘယ်သူခွဲမှာလည်း

အခိုင်မာလက်တွေနဲ့

ငြိမ်းချမ်းခြင်းအတွက်

သီချင်းတစ်ပုဒ်ရှိနေမယ်

တို့ ငြိမ်းချမ်းခြင်းအတွက်

သီချင်းတစ်ပုဒ်ရှိနေမယ်

All.သွေးချင်းညီအကိုများ

စည်းလုံးချင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ် အတူဆိုလိုက်စမ်း

သီချင်းလေးအတိုင်း စီးဆင်းကြမယ်

သီချင်းလေးအတိုင်း စီးဆင်းကြမယ် ဟေ့..

3.မိုးပြာတောင်တန်းကြီးရဲ့ မောရှမ်းမြေ

အိုးစည်သံ မိုးထက်ညံနေ

တောင်ပေါ်သားတွေနဲ့

မြေပြန့်သား တို့မခွဲ

စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်

4.ရာမညလို့တွင်ခဲ့တဲ့ မွန်တို့ရဲ့မြေ

ယဉ်ကျေးမှု့အစ ဖြစ်တည်တယ်လေ..

ညီညွတ်ခြင်းတွေနဲ့ ခိုင်ခိုင်မြဲစေမဲ့

စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်

တို့ စည်းလုံးချင်းအတွက်

သီချင်းတစ်ပုဒ်ရှိနေမယ်

All.သွေးစည်းညီအမများ

စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ် အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းကြမယ်

ချင်းလေးအတိုင်း စီးဆင်းကြမယ် ဟေ့

5.လှမ်းကြည့်ရင်မဆုံးတဲ့

တောင်တန်းအလှပေါ်

တောင်ဇလပ်ပွင့်တို့က သက်သေလေ

အောက်ချင်းမောင်နှံငှက်

ဆိုထားသစ္စာကြောင့်

စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်

6.ရှုဆုံးမ၀နိုင်တဲ့ သောင်ကမ်းအလှမြေ

ရခိုင်သားတို့ မွေ့ပျော်တယ်လေ

အမောအပန်းဖြေ အခွင့်အတွက်ကွယ်

အေးချမ်းစွာ ရှိဖို့

စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်

တို့ ငြိမ်းချမ်းခြင်းအတွက်

သီချင်းတစ်ပုဒ်ရှိနေမယ်

All.ဟေ့ သွေးချင်း မောင်နှမများ

စည်းလုံခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ် အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းကြမယ်

သီချင်းလေးထဲ စီးဆင်းကြမယ် ဟေ့.

1 3.ဘီလူးချောင်းကပေးတဲ့ အင်အားကြောင့်လေ

စည်းလုံးခြင်းအတွက် အလင်းများဖြစ်ပေါ်နေ

2 6.တန်ဖိုးဖြတ်ရင်မရတော့တဲ့

ကယားတို့မြေဖြစ်ဖို့

စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ်ရှိနေမယ်

4 5.ကချင် ကယား ကရင် ချင်း

မွန် ဗမာ ရခိုင် ရှမ်း

ညီညွတ်နေတဲ့ ခိုင်မြဲတဲ့လက်များ

ပြည်ထောင်စုကြီး အမြဲတမ်း ရှိနေမယ်...

All.သွေးချင်းညီအမများ

စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ် အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းကြမယ်

ဟေ့ သွေးချင်း ညီအစ်မများ

စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ် အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းကြမယ်

သွေးချင်း ညီအစ်မများ

စည်းလုံးခြင်းရဲ့အင်အား

သီချင်းလေးထဲ စီးဆင်းသွားမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဖွား

သီချင်းလေးတစ်ပုဒ် အတူဆိုလိုက်စမ်း

သီချင်းလေးထဲ စီးဆင်းကြမယ်

သီချင်းလေးအတိုင်း စီးဆင်းကြမယ်

သီချင်းလေးအတိုင်း စီးဆင်းကြမယ်

သီချင်းလေးအတိုင်း စီးဆင်းကြမယ် ဟေ့

More From ကော်နီ

See alllogo
စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် by ကော်နီ - Lyrics & Covers