နွေးထွေးဆဲအမှတ်တရ
ကျော်သီဟ&မို့မို့လွင်
Intro...
B.မိုး..ဖွဲဖွဲလေးရွာ အဓိပတိလမ်းပေါ်မှာ
ထီးကလေးတစ်ချောင်းနဲ့ အတူတူ
မင်းရယ်ကိုယ် လျှောက်ဖူးတာ
အတိတ် အရိပ်ဟောင်းလေးတွေ
ခြေရာတွေရှိနေမလား...
မေ့နိုင်သူမှာ ပွဲနှင်းသဘင်ရှေ့
ရောက်ခဲ့ပြန်တာ....
ကိုယ်လေချိန်းတိုင်းလည်း များသောအားဖြင့်
မဆိုသလောက်လေး နောက်ကျတတ်သူပါ
သူလေ စိတ်ကောက်ပြီး
နှုတ်ခမ်းလေးများလည်း ဆူနေတုန်းပဲ...
ကိုယ်လေ တတ်သလောက်
မှတ်သလောက်နဲ့ချော့
စိတ်ဆိုးတာကိုယ့်အပေါ် ပြေပါစေတော့..
ဒါတွေအားလုံး နွေးထွေးစွာနဲ့
အမှတ်တရပါပဲ...
(Solo....)
G.မိုး..ဖွဲဖွဲလေးရွာ အဓိပတိလမ်းပေါ်မှာ
ထီးကလေး တစ်ချောင်းနဲ့အတူတူ..
မင်းရယ်ကိုယ် လျှောက်ဖူးတာ
အတိတ် အရိပ်ဟောင်းလေးတွေ
ခြေရာတွေရှိနေမလား...
မေ့နိုင်သူမှာ ပွဲနှင်းသဘင်ရှေ့
ရောက်ခဲ့ပြန်တာ....
ကိုယ်လေချိန်းတိုင်းလည်း များသောအားဖြင့်
ကြိုကြိုပြီးရောက်နေ တတ်သူပါ
သူလေအမြဲတမ်းပဲ နောက်ကျတဲ့အကျင့်
မပြင်နိုင်ဘူးကွယ်...
သူလေတတ်သလောက်
မှတ်သလောက်နဲ့ချော့
သူု့ကြည့်ပြီး ကိုယ့်မှာရီချင်တာပေါ့...
ဒါတွေအားလုံး နွေးထွေးစွာနဲ့
အမှတ်တရပါပဲ....
B&G.တချိန်က တို့နှစ်ယောက်ရဲ့
ကျောင်းသားဘဝများ..
ရင်ခုန်ဆဲ သတိရမိတယ်ကွာ...
အလိုလိုကျောင်းကြီးရဲ့
အငွေ့အသက်များကြား ပြန်ရောက်တိုင်းကွယ်
ပြန်ဆုံချိန်မင်းရှေ့မှ ဆွံ့အလို့သွား...
စိတ်ထဲမှာ ပြောချင် တာတွေသိပ်များ...
ပြန်ဆုံခွင့်ပေးတဲ့ အမိတက္ကသိုလ်ရယ်
ကျေးဇူးပါ..ကွယ်...
ပြန်ဆုံခွင့်ပေးတဲ့ အမိတက္ကသိုလ်ရယ်
ကျေးဇူးပါပဲ.... ဟေး... .ဟေး.း.....
Uploaded by ƬӇเ༄ɦα
End...