ကိုယ့်ကံပဲရှိပါစေ
ဂျေညီညီ
Introး
သူရောက်ချင်တဲ့ဘဝမျိုး
ကိုယ့်ဘက်မှာ မဖြည့်နိုင်လို့
ပြည့်စုံတဲ့သူကို
စဉ်းစားတာမဆန်းပါဘူး
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲရှိပါစေ
မနှောင့်ယှက်ဘူး သူ့လမ်း
လွတ်လပ်ရာသွားပါစေ
သူ့စိတ်ထဲကျေနပ်
နှစ်သက်ရင်ပြီးပါတယ်
သူရဲ့ဘဝပြည့်စုံပါစေ
ပျော်နေပါစေ
အကောင်းဆုံး အမြင့်ဆုံး
ထားချင်ပေမယ့်
ကိုယ့်ဘက်က အဆင်မပြေခဲ့ဘူး
သူတောင့်တသမျှ လိုသမျှ
ပြည့်စုံနေအောင်
လိုရာဖန်ဆင်း ပေးနိုင်တဲ့သူ
ဖြစ်ချင်တယ် အခုတော့
သွားချင်တဲ့ သူ့လမ်း
မသွားနဲ့ ကိုယ်တားမနေချင်
ကိုယ့်ရင်ထဲ လောင်တဲ့
မီးမျိုး သူဝေးပါစေ
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲရှိပါစေ
ခွင့်လွှတ်ရင်းနဲ့ပဲ
ကိုယ့်စိတ်ကို ကြိတ်ဖြေမယ်
မမေ့နိုင်လို့ တစ်ယောက်ထည်း
လွမ်းတဲ့အခါ လွမ်းနေမယ်
သူ့ရဲ့ဘဝ ပြည့်စုံပါစေ
ပျော်နေပါစေ
Music
အကောင်းဆုံး အမြင့်ဆုံး
ထားချင်ပေမယ့်
ကိုယ့်ဘက်က အဆင်မပြေခဲ့ဘူး
သူတောင့်တသမျှ လိုသမျှ
ပြည့်စုံနေအောင်
လိုရာ ဖန်ဆင်းပေးနိုင်တဲ့သူ
ဖြစ်ချင်တယ် အခုတော့
သွားချင်တဲ့သူ့လမ်း
မသွားနဲ့ ကိုယ်တားမနေချင်
ကိုယ့်ရင်ထဲ လောင်တဲ့
မီးမျိုး သူဝေးပါစေ
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲရှိပါစေ
ခွင့်လွှတ်ရင်းနဲ့ပဲ
ကိုယ့်စိတ်ကို ကြိတ်ဖြေမယ်
မမေ့နိုင်လို့ တစ်ယောက်ထည်း
လွမ်းတဲ့အခါ လွမ်းနေမယ်
သူ့ရဲ့ဘဝ ပြည့်စုံပါစေ
ပျော်နေပါစေ
သူ့ရဲ့ဘဝ ပြည့် စုံပါစေ
By AyeKyaw greentiger