**ဇာတ်သိမ်းပိုင်း**
ဆို - ဆောင်းဦးလှိုင်
Upload By Yadanar Moe
🌻🌻🌻🌻🌻
လိုက်ကာက ကျတော့မယ်လေ
မီးစာလည်း ခမ်းလုပြီလေ
လူ့ဘဝရဲ့ပြဇာတ်တစ်ပုဒ်ကို
မမောမပန်းနဲ့ ကရတာတွေ
မွန်းကြပ်တဲ့နေ့ရက်တွေမှာ
အချစ်ရှိတော့ အေးမြနိုင်မလား
အားကိုးပြီး မင်းအနားကို လာတာပါ
မာယာတွေတော့ မလုပ်လိုက်ပါနဲ့
အချစ်စစ်စစ် တွေ့ပါရစေမေ
🌻🌻🌻🌻🌻
အရှုံးပေးပြီး စတေးခဲ့သမျှနဲ့
သိပ်ချစ်လို့ ခေါင်းငုံ့နေတာကို
အနိုင်ကျင့်ပြီး အားရနေသလား
ပေးဆပ်ရဲဖို့သတ္တိလိုတာ
မင်း မသိလို့ လုပ်ရက်တာပါ
မျှတဖို့ နှလုံးသားချိန်ခွင်မှာ
ချိန်ကြည့်ပြီး ဆုံးဖြတ်ပါကွာ
ကိုယ်နောက်ဆုံး ပြောခဲ့ချင်တာ
ဝဋ်ဆိုတာ နောက်ဘဝမကူးဘူး
🌻🌻🌻🌻🌻
လိုက်ကာက ကျတော့မယ်လေ
မီးစာလည်း ခမ်းလုပြီလေ
လူ့ဘဝရဲ့ပြဇာတ်တစ်ပုဒ်ကို
မမောမပန်းနဲ့ ကရတာတွေ
မွန်းကြပ်တဲ့နေ့ရက်တွေမှာ
အချစ်ရှိတော့ အေးမြနိုင်မလား
အားကိုးပြီး မင်းအနားကို လာတာပါ
မာယာတွေတော့ မလုပ်လိုက်ပါနဲ့
အချစ်စစ်စစ် တွေ့ပါရစေ မေ
🌻🌻🌻Thanks🌻🌻🌻