menu-iconlogo
huatong
huatong
avatar

ဘရဏီ

ဇော်ဝမ်းhuatong
Yadanarmoe💫M.oo.N💫🎼huatong
Lyrics
Recordings
**ဘရဏီ**

ဆို - ဇော်ဝမ်း

******

ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ

ကြင်နာစွာ မောင့်စိတ်ထဲမှာ

ချစ်မိတာ ကြိုက်မိတာ

စေတနာ ဝေဖြာ

ခင်သူဇာ လှပျိုမျက်နှာ

အသည်းထဲမှာ စွဲကာ

ထာဝစဉ်သာ ခင်တာ

ဂေါ်သဇင်ပန်း ပွင့်လန်း နန်းဉယာဉ်မှာ

ချူချင်သော်လည်း စိတ်ထဲ

ရဲသွေးမဝင်ပါ

ခင်နှမသက်လျာ သနားကြင်နာ

ခွင့်ပေးဖို့ရာ တောင်းပန် ရတာ

သဒ္ဒါဟုန်ဇော မနော ပြောလို့မကုန်ပါ

ခင်မင်သူလေး ချစ်ရေး တွေးမိပြန်တာ

ယုံးပါးအပ်ကာ စကားချိုသာ

စောင့်စားသူမောင့်ကို ကြည်ဖြူစေချင်တာ...

ချစ်မေတ္တာ ဖြိုးကြွကာ

မိုးကျမယ် လှသူဇာ

ကြည်နူးစွာဖူးစာဖက်နဲ့

အကြောင်းဆက်နိုင်အောင်သာ

အို ဒေဝါသကြား မစပါ..

----

ချစ်မေတ္တာ ဖြိုးကြွကာ

မိုးကျမယ် လှသူဇာ

ကြည်နူးစွာဖူးစာဖက်နဲ့

အကြောင်းဆက်နိုင်အောင်သာ

အို ဒေဝါသကြား မစပါ..

ဘရဏီပုံနှုန်း ပြုံးလျက်မူယာ

ခုံးမျက်စချီကာ

စန္ဒာလမင်း အဆင်းနဲ့တူစွာ

ဝင်းဝင်း ပပဖြာ

ဘရဏီပုံနှုန်း ပြုံးလျက်မူယာ

ခုံးမျက်စချီကာ

စန္ဒာလမင်း အဆင်းနဲ့တူစွာ

ဝင်းဝင်း ပပဖြာ

ကြည်လင်ပေတာ မြင်ရသူချစ်ချင်စရာ

တော်ဝင်သူပါ နန်းထိုက်ပန်း မကိုဋ်ညှာ....

အသားဝါရွှေသွေး မွှေးလျက်ကြူကာ

ပန်းပေါင်း ရနံ့တွေဖြာ

ခင်ခင်ပျိုနှမ လှရက်ပေတာ

ချစ်မိ ကြိုက်မိတာ

ချစ်မေတ္တာ ဖြိုးကြွကာ

မိုးကျမယ် လှသူဇာ

ကြည်နူးစွာဖူးစာဖက်နဲ့

အကြောင်းဆက်နိုင်အောင်သာ

အို ဒေဝါသကြား မစပါ..

****Thanks****

More From ဇော်ဝမ်း

See alllogo