ဂန္နမာ စန္ဒာ တောင်.…
စုံမြိုင်တန်း…မှာ ဖူးပွင့်ကြတဲ့
ပန်းမာလာ သင်း…ရနံ့ကကြိုင်
ငှက်ပေါင်းရယ်သာဓာကာ
သံဆာကာလည်း မြူး တူး ပျော်ကြရှာ
ညောင်ဖီလာ ဗေဒါရွှေသောင်
ရေတံခွန်ကြာမြသွေးလျှ
ံကြည်လင်စွာခွေကာရစ်နွယ်
မြစ်နဒီဆန်လှပါ သဲ
ငွေ သောင်ယံဦးမှာ
စန္ဒာ စန္ဒီ ကိန္ဒရီတို့မှာ
ပန်းပေါင်းထွေထွေရာရွှေနီဝါ
ဆင်မြန်းကာပဲ ကခုန်မြူးရှာ
နန်းမူ နန်းလျာ ဆန်လှတာ
ရွှေလက်တွဲလို့ ချစ်ပွဲခံကာ ပျော်ကြရှာ
လျှမ်းပဲ ပ မြန်းစို့ကန္ဒရီ ကိန္ဒရာအတူမကွာ
တွဲကာနွဲကာ ဝဲကာပျံကြ
တွဲကာနွဲကာ ဝဲကာပျံကြ
ပန်းစုံစွာ ဂနိုင်တွင်ကြိုင်အင်းလို့သာ
ပန်းစုံစွာ ဂနိုင်တွင်ကြိုင်အင်းလို့သာ
ထိုမှသာခေါ်ကြူးလို့သာ ငွေသောင်ယံ
ရွှေတောင်ပံ မခွဲရက်အောင် နွဲယှက်ပျော်ကာ
ထိုစဉ်အခါ ဗာရာသမင်း မင်းဗြမ္မဒတ်
ဘုရင်ရာဇာ အဖော်မပါ တစ်ကိုယ်တည်းသာ
လေးတော်ထမ်းကာ မြိုင်န်းရွှေမဝါ
ရောက်လို့လာ ကိန္ဒရီကိန္ဒရာ နှစ်ဖော်ကြင်ယာ
ပျော်ရွှင်နေတာ မြင်မက်လေတော့တစ်ခါ
မင်းဘုရင်ချင်းပင် မြိုင်နန်းသူကိန္ဒရီ
ဒေဝီခင်ရဲ့အပေါ် မေတ္တာတော်
မျှားဖို့ကြံကာ သူ့လင် သက်ဝင်
ချစ်သူအစွယ်ကို ဇီဝိန်ကြွေအောင်
အဆိပ်တံမျှားနဲ့ တစ်အားပစ်ကာ
သနားမညာ မင်းဗြမ္မဒရာဇာ
အို…ငွေမောင် ရှင် သဲသောင်ယံမှာ
လောင်းမြတ်ကိန္ဒရာ
အို…မြားနဲ့ ခွင်း ပါလို့ ချစ်မယားမှာ
သောက ဖြာ
စီး ကျ မျက်ရည်ထွေထွေ လေရွှေတောင်သမိုး
မယ့် သက်လျာ အို… ဆုံး ပေါ့ တော့တစ်ခါ
အသည်းအူ ပူအောင်နာလို့သာ ပွေ့ယူငင်လို့မှာ
ငိုမစဲ ရှိုက်ငင်သည်းနာစွာ
ဤအခါတွင် ဗြမ္မဒဘုရင်မင်း
မျက်နှာချိုသွေးကာ
ချစ်စကားပြောဖို့အနားကိုကပ်ခါ ပျိုကိန္ဒရီ
မောင်ဘုရားကိုသနားပါ မေတ္တာတော်မျှပါ
မိဘုရားမြှေကာလက်ယာထားမှာ
ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲဖွဲဇကွဲထင်တာ
ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲဖွဲဇကွဲထင်တာ
အရှင် မြတ် မချစ်နိုင်ပါ သေပေမယ့်လည်း
မခွဲခွာဘူး မယ့်အချစ်ဦးသာ သစ္စာဆို
တိုင်တည်ထား သိကြားမှတ်ကာ အသက်ရှင်လာ
ပျော်မြူးစွာ ကိန္ဒရီကိန္ဒရာ
မောင်မယ်အချစ်ကြောင်း
နှစ်ပေါင်းတစ်ထောင်ပင်ကြာ