မျှော်လင့်နေတုန်းပျို့ဖုန်းလှမ်းခဲ့ပါ
တေးရေး-ဂီတစာဆိုစိန်မောင်မြင့်
တေးဆို-မေသက်ထားဆွေ
A-မောင့်မေတ္တာ လရောင်ဆမ်းမှ
ပွင့်လန်းလာမဲ့ ပန်းအလှ ကုမုဒြာ
နေခြည်ဖြာသောအခါ
ပဲငုံချစ်ပန်း နွမ်းမိတာ
စိုးရွံမိတာ.......
လပြည့်ဝင်းလဲ့ ညမျိုးမှာတော့
ရွှေရင်ချမ်းမြ ဝမ်းပန်းတသာ
ပွင့်ဦးဝေဖြာ ပန်းအလှ ကုမုဒြာ
B-မောင့်မေတ္တာ လရောင်ဆမ်းမှ
ပွင့်လန်းလာမဲ့ ပန်းအလှ ကုမုဒြာ
နေခြည်ဖြာသောအခါ
ပဲငုံချစ်ပန်း နွမ်းမိတာ
စိုးရွံမိတာ.......
လပြည့်ဝင်းလဲ့ ညမျိုးမှာတော့
ရွှေရင်ချမ်းမြ ဝမ်းပန်းတသာ
ပွင့်ဦးဝေဖြာ ပန်းအလှ ကုမုဒြာ
A-နေခြည်သင့်တော့ မပွင့်သာ
ပန်းအလှမာလာ
မေတ္တာရှင် လရောင်ရိပ်သာ
မှေးမှိတ်ခွင့်ကမ္ဘာ
B-နေခြည်သင့်တော့ မပွင့်သာ
ပန်းအလှမာလာ
မေတ္တာရှင် လရောင်ရိပ်သာ
မှေးမှိတ်ခွင့်ကမ္ဘာ
လကွယ်ညဆို
ပျိုနှမ အလိုမကျ ငိုရမှာများ
သနားမညှာတာ
A-တယောက်ထဲ တယောက်ထဲ
မှောင်မဲမို့ ကြောက်လှတာ
မျှော်လင့်နေတုန်း ပျို့ဖုန်းလှမ်းခဲ့ပါ
B-မောင့်မေတ္တာ လရောင်ဆမ်းမှ
ပွင့်လန်းလာမဲ့ ပန်းအလှ ကုမုဒြာ
နေခြည်ဖြာသောအခါ
ပဲငုံချစ်ပန်း နွမ်းမိတာ
စိုးရွံမိတာ.......
A-လပြည့်ဝင်းလဲ့ ညမျိုးမှာတော့
ရွှေရင်ချမ်းမြ ဝမ်းပန်းတသာ
ပွင့်ဦးဝေဖြာ ပန်းအလှ ကုမုဒြာ
B-နေခြည်သင့်တော့ မပွင့်သာ
ပန်းအလှမာလာ
မေတ္တာရှင် လရောင်ရိပ်သာ
မှေးမှိတ်ခွင့်ကမ္ဘာ
A-နေခြည်သင့်တော့ မပွင့်သာ
ပန်းအလှမာလာ
မေတ္တာရှင် လရောင်ရိပ်သာ
မှေးမှိတ်ခွင့်ကမ္ဘာ
လကွယ်ညဆို
ပျိုနှမ အလိုမကျ ငိုရမှာများ
သနားမညှာတာ
B-တယောက်ထဲ တယောက်ထဲ
မှောင်မဲမို့ ကြောက်လှတာ
မျှော်လင့်နေတုန်း ပျို့ဖုန်းလှမ်းခဲ့ပါ
ပျော်ရွှင်ချမ်းမြေ့ပါစေ