ရပ်စောင့်
မောင်မောင်ဇော်လတ်
ဒီလိုပါမနက်ဖက်
မိုးလင်းလည်း
ရေချိုးခန်းလုကြတယ်
အရွယ်စုံလူကုန်ထဲ
ရပ်စောင့်တာ
တစ်နာရီကြာပါတယ်
ပြီးတဲ့နောက်
လိုင်းကားစီးဖို့အတွက်
တိုးဝှေ့လို့
မိုးတိုးမတ်တတ်နဲ့
တစ်နာရီသာသာလောက်
တစ်ခါထပ်စောင့်ရတယ်
နေရာတကာ
တစ်ခုမှမလုပ်လိုက်နဲ့
အမြဲရပ်စောင့်ရတယ်
နတ္ခတ်မှာ
ဘယ်ဂြိုဝင်နေလည်း
အများနဲ့မတူ
ကျွန်တော်ဟာ
တစ်ယောက်တည်း
အပေါင်းအသင်းနဲ့
မိုးချုပ်တဲ့ညဘက်
မီးပိတ်လို့
သော့ခတ်ထားတော့လည်း
အိမ်ကိုပြန်ဝင်ဖို့
ရပ်စောင့်ရတယ်
ဘာမဆိုရပ်စောင့်ရတယ်
ကျွန်တော့ရဲ့ဘဝကကွယ်
တကယ်ကိုရပ်စောင့်ရတယ်
လမ်းဖြတ်ကူးလည်းပဲ
ကျွန်တော်တစ်ယောက်တည်း
ရပ်စောင့်တယ်
အားလုံးရဲ့နောက်ဝယ်
ပျော်ပျော်ကြီး
ရပ်စောင့်တယ်
ရည်းစားထားဖို့အတွက်
သက္ကရာဇ်များ
ပြောင်းသွားလည်း
ကျွန်တော်ကတော့ဖြင့်
ရပ်စောင့်ဆဲ
ဒီလိုပါမနက်ဖက်
မိုးလင်းလည်း
ရေချိုးခန်းလုကြတယ်
အရွယ်စုံလူကုန်ထဲ
ရပ်စောင့်တာ
တစ်နာရီကြာပါတယ်
ပြီးတဲ့နောက်
လိုင်းကားစီးဖို့အတွက်
တိုးဝှေ့လို့
မိုးတိုးမတ်တတ်နဲ့
တစ်နာရီသာသာလောက်
ထပ်စောင့်ရတယ်
ဘာမဆို
ရပ်စောင့်ရတယ်
ကျွန်တော့ရဲ့
ဘဝကကွယ်
တကယ်ကို
ရပ်စောင့်ရတယ်
လမ်းဖြတ်ကူးလည်းပဲ
ကျွန်တော်တစ်ယောက်တည်း
ရပ်စောင့်တယ်
အားလုံးရဲ့နောက်ဝယ်
ပျော်ပျော်ကြီး
ရပ်စောင့်တယ်
ရည်းစားထားဖို့အတွက်
ဘာမဆိုရပ်စောင့်ရတယ်
ကျွန်တော့ရဲ့ဘဝကကွယ်
တကယ်ကို
ရပ်စောင့်ရတယ်
လမ်းဖြတ်ကူးလည်းပဲ
ကျွန်တော်တစ်ယောက်တည်း
ရပ်စောင့်တယ်
အမြဲတမ်းရပ်စောင့်တယ်
ပျော်ပျော်ကြီးရပ်စောင့်ဆဲ
ရည်းစားထားဖို့အတွက်
သက္ကရာဇ်များ
ပြောင်းသွားလည်း
ကျွန်တော်ကတော့ဖြင့်
ရပ်စောင့်ဆဲ
သက္ကရာဇ်များ
ပြောင်းသွားလည်း
ကျွန်တော်ကတော့ဖြင့်
ရပ်စောင့်ဆဲ
သက္ကရာဇ်များ
ပြောင်းသွားလည်း
ကျွန်တော်ကတော့ဖြင့်
ရပ်စောင့်ဆဲ
ကျေးဇူးတင်ပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ
Uploade by ရဲနိုင်