menu-iconlogo
huatong
huatong
avatar

ညနေမျက်ရည်

ဝေလhuatong
mizj79huatong
Lyrics
Recordings
ညနေမျက်ရည်

ရင်ထဲမှာငိုနေတယ်မိန်းကလေးရယ်

အားလုံးပြီးသွားခဲ့ပေမယ့်

ပြန်မလာမယ့်လမ်းဟာ

ငြိမ်သက်တိတ်ဆိတ်လိုနေတယ်

့သစ်ရွက်ကျကြွေခြေသံများလား

အတူနေခဲ့ဖူးတဲ့အိမ်ကလေးထဲမှာ

ခွင့်လွတ်ခြင်းဆိုတဲ့အခန်းလေးရှိသေးတယ်

ကျေနပ်စွာခံယူမယ်မိန်းကလေးရေ

ဟူး...မင်းရဲ့လှည့်ကွက်များစွာထဲ

သာယာနေတတ်သူ ယုံစားစိတ်ချမိပါတယ်

အချစ်ကအသိအာရုံကိုဖုံးကွယ်

့သူဆန္ဒပြည့်အောင် ဆော့ကစားပြီးတော့

အပြစ်တွေဖွဲ့ ခါ အဝေးကိုပြေးထွက်သွားလေတယ်

မွှေးပျံ့တဲ့ကိုယ်သင်းရနံ့လေးတွေ‬

အခုထိပြယ်လွင့်မသွားဘဲ‬

ထွက်သက်ဝင်သက်တိုင်း

သတိရစရာတွေဖြစ်နေတယ်‬

မင်းကိုယ့်အပေါ်ခြွေတဲ့အမုန်းတွေ‬

လက်ထဲမှာပွေ့ခါရိုက်နမ်းရင်းနဲ့‬

ဒီညနေလည်းကိုယ်မျက်ရည်ကျရဦးမှာပဲ

solo.....

ကျေနပ်စွာခံယူမယ်မိန်းကလေးရေ

ဟူး...မင်းရဲ့လှည့်ကွက်များစွာထဲ

သာယာနေတတ်သူ ယုံစားစိတ်ချမိပါတယ်

အချစ်ကအသိအာရုံကိုဖုံးကွယ်

့သူဆန္ဒပြည့်အောင် ဆော့ကစားပြီးတော့

အပြစ်တွေဖွဲ့ ခါ အဝေးကိုပြေးထွက်သွားလေတယ်

မွှေးပျံ့တဲ့ကိုယ်သင်းရနံ့လေးတွေ‬

အခုထိပြယ်လွင့်မသွားဘဲ‬

ထွက်သက်ဝင်သက်တိုင်း

သတိရစရာတွေဖြစ်နေတယ်‬

မင်းကိုယ့်အပေါ်ခြွေတဲ့အမုန်းတွေ‬

လက်ထဲမှာပွေ့ခါရိုက်နမ်းရင်းနဲ့‬

ဒီညနေလည်းကိုယ်မျက်ရည်ကျရဦးမှာပဲ.

ဟူး...လက်ထဲမှာပွေ့ခါရိုက်နမ်းရင်းနဲ့‬

ဒီညနေလည်းကိုယ်မျက်ရည်ကျရဦးမှာပဲ...

thanks......

More From ဝေလ

See alllogo
ညနေမျက်ရည် by ဝေလ - Lyrics & Covers