ရေး/ဆို- အောင်လ
အတူတူ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ
အတူတူ ထားရှိခဲ့တဲ့ ကတိများ
တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ တို့ရဲ့အချစ်ဟာ
လေထဲမှာ ပျောက်သွား..
အပြုံးလေး တစ်ခုကစ
ရင်ခုန် ချစ်ခဲ့မိတာ ငါ့အမှား
ထိုင်ကာ ငေးနေရင်း ဟို ဝိုးတဝါး အဝေးမှာ
အချစ်သစ် တွေ့နေပလား
တစ်နေ့တော့ မင်းပြန်လာဦးမလား
ဟိုတုန်းကလို ချစ်ဦးမလား
ဘာကြောင့် ငါ့ကို မုန်းသွားခဲ့လဲဖြေ
ဒါအိမ်မက်တွေ
င့ါဘေးနား ရှိနေနိုင်ဦးမလား
ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက
မပြတ်သားနိုင်ခဲ့တာ မင်း နားလည်ပေးပါ
ပုံပြင်လေး တစ်ပုဒ် ပြီးဆုံးသွားပြီ
ကျန်နေခဲ့ပြီ မျက်ရည်များ.
ရင်မှာ ရစ်နှောင်ထားတဲ့
ကြိုးလေးကသာ ပြတ်သွားပြီ
ငါမုန်းလို့ မရခဲ့ပါ
အချစ်များသာ ကိုးကွယ်လို့ထား..
ငါသာ မင်း တစ်ယောက်တည်းကို ချစ်ခဲ့တဲ့အခါ
အရှုံးကြီး ရှုံးပြီလား
တကယ်ပါ တစ်နေ့တော့ မင်းပြန်လာဦးမလား
ဟိုတုန်းကလို ချစ်ဦးမလား
ဘာကြောင့် ငါ့ကို မုန်းသွားခဲ့လဲ ဖြေ
ဒါအိမ်မက်တွေ
င့ါဘေးနား ရှိနေနိုင်ဦး မလား
ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက
မပြတ်သားနိုင်ခဲ့တာ မင်း ခွင့်လွှတ်ပေးပါ..
မေ့မရတဲ့ အချိန်တွေ အဆုံးထိ
မျက်စိမှိတ် မျှော်လင့်ခဲ့ပြီ
ဘာမှမသိတဲ့ တစ်နေ့နေ့ကို
ငါ စောင့်စားလို့
နှလုံးသား ကွဲကြေနေတဲ့ အထိ
အလွမ်းသင့်ခဲ့တဲ့ အတိတ်ရဲ့ ပန်းချီ
လမ်းစမရှိတဲ့ ငါ့အဖြစ်ကို
မြင်လည်း ငါဆက်လို့ချစ်မယ်
တစ်နေ့တော့ မင်းပြန်လာဦးမလား
ဟိုတုန်းကလို ချစ်ဦးမလား
ဘာကြောင့် ငါ့ကိုမုန်းသွားခဲ့လဲ ဖြေ
ဒါအိမ်မက်တွေ
င့ါဘေးနား ရှိနေနိုင်ဦးမလား
ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက
မပြတ်သားနိုင်ခဲ့တာ မင်း ခွင့်လွှတ်ပေးပါ
ကြီးမှ အပေါင်းအသင်း ဖြစ်သွားသော ငယ်သူငယ်ချင်းကြီး"မိုး"အတွက်