ခက်တယ်
ငြိမ်းစည်သူ
တေးရေး ဝင့်နိုင်
....
နေ့ရယ် ညရယ် အချိန်တိုင်း အချိန်တိုင်းမှာ
သူ့အတွက်နဲ့ ရင်ထဲကလည်း မပျော်နိုင်တယ်
ခက်တယ် ခက်တယ် သူမသိတာ
သိပ်သိပ်ခက်တယ် အသည်းနှလုံးမှာ
မင်းတစ်ယောက်ပဲ ချစ်မိတာခက်တယ် . .
ရွှေဘုံရွှေနန်း ရွှေလမ်းခင်းလို့
ကိုယ်ထားချင်တယ်
ချစ်သူရဲ့အသည်း မွှေးရနံ့ကြိုင်
သင်းစေချင်တယ်
ချစ်သူကို သာယာမှုအပေါင်း
ဝန်းရံစေ့မယ် ချစ်သူကို
ဘဝတစ်လျှောက်လုံးကွယ် ပြုံးပျော်စေ့မယ်
ချစ်သူအပေါ် ဒီစေတနာ ရင်နဲ့အပြည့်ပါကွယ်
ဒါပေမယ့်လည်း ခက်တယ်
ခက်တယ် ခက်တယ် ကိုယ့်ဘဝကို
မင်းမသိတော့ ခက်တယ်. . .
ချစ်ချင်း တူရင်လည်း
သူတို့အချစ်ထက် ပိုချစ်ပါတယ်
ချစ်သူတို့ထုံး အရှုံးမျက်ရည်
မဝေချင်ဘူးကွယ်
သို့သော်လည်း ဒီတစ်သက်တော့ကွယ်
ဝေးရဦးတော့မယ်
ခက်တယ် အချစ်ရယ် ဘဝချင်းမတူတော့
ဝေးရပါလားကွယ်. . .
.....
ရွှေဘုံရွှေနန်း ရွှေလမ်းခင်းလို့
ကိုယ်ထားချင်တယ်
ချစ်သူရဲ့အသည်း မွှေးရနံ့ကြိုင်
သင်းစေချင်တယ်
ချစ်သူကို သာယာမှုအပေါင်း
ဝန်းရံစေ့မယ် ချစ်သူကို
ဘဝတစ်လျှောက်လုံးကွယ် ပြုံးပျော်စေ့မယ်
ချစ်သူအပေါ် ဒီစေတနာ ရင်နဲ့အပြည့်ပါကွယ်
ဒါပေမယ့်လည်း ခက်တယ်
ခက်တယ် ခက်တယ် ကိုယ့်ဘဝကို
မင်းမသိတော့ ခက်တယ်. . .
ချစ်ချင်း တူရင်လည်း
သူတို့အချစ်ထက် ပိုချစ်ပါတယ်
ချစ်သူတို့ထုံး အရှုံးမျက်ရည်
မဝေချင်ဘူးကွယ်
သို့သော်လည်း ဒီတစ်သက်တော့ကွယ်
ဝေးရဦးတော့မယ်
ခက်တယ် အချစ်ရယ် ဘဝချင်းမတူတော့
ဝေးရပါလားကွယ်. . .
ကျေးဇူးတင်ပါတယ် ..
winbo29