ပိုလာဘာလီ
တေးဆို..အောင်ရင်+.ဖြူသီ
(က)...အင်ဒိုနီရှားပိုလာဘာလီကျွန်းလေးဝယ်
သူနဲ့လဲတွေ့လို့ချစ်ကြိုးသွယ်
လစန္ဒာလင်းကာဖြာတဲ့ညချမ်းဝယ်
တောင်ပစိဖိတ်ရဲ့အဏ္ဏဝါအလယ်
(မ)...ကတိစကားတိုင်တည်တူတူထားလို့ရယ်
ဒီအမ္ဘာသုဉ်းဆုံးသည့်တိုင်ချစ်မယ်
ချစ်စေတနာရွှန်းဝေဖြာတဲ့ဒီကျွန်းဝယ်
မေ့အသည်းချစ်ဗိမာန်လေးတည်
(က+မ)...ချစ်ဖူးခဲ့ပါသော်လဲ
ခုအချစ်ကိုနည်းနည်းမှမမီတယ်
အနမ်းလေးတွေခြွေလေတိုင်း
ဟိုတုန်းနဲ့မတူဘဲအသည်းကတလှပ်လှပ်ကွယ်
(မ)...အင်ဒိုနီရှားပိုလာဘာလီကျွန်းမှကွယ်
ပင်လယ်ကြီးဖြတ်လို့ကိုယ်သွားမယ်
သို့သော်ကွယ်ချစ်သူမေရှိရာကျွန်းကို
တစ်ခါထပ်ပြီးဆက်ဆက်ပြန်ခဲ့ကွယ်
(က)...အင်ဒိုနီရှားပိုလာဘာလီကျွန်းမှကွယ်
ပင်လယ်ကြီးဖြတ်လို့ကိုယ်သွားမယ်
သို့သော်ကွယ်ချစ်သူမေရှိရာကျွန်းကို
တစ်ခါထပ်ပြီးဆက်ဆက်ပြန်ခဲ့မယ်
(က+မ)..ချစ်ဖူးခဲ့ပါသော်လဲ
ခုအချစ်ကိုနည်းနည်းမှမမီတယ်
အနမ်းလေးတွေခြွေလေတိုင်း
ဟိုတုန်းနဲ့မတူဘဲအသည်းကတလှပ်လှပ်ကွယ်
(မ)...အင်ဒိုနီရှားပိုလာဘာလီကျွန်းမှကွယ်
ပင်လယ်ကြီးဖြတ်လို့ကိုယ်သွားမယ်
သို့သော်ကွယ်ချစ်သူမေရှိရာကျွန်းကို
တစ်ခါထပ်ပြီးဆက်ဆက်ပြန်ခဲ့ကွယ်
(က)...အင်ဒိုနီရှားပိုလာဘာလီကျွန်းမှကွယ်
ပင်လယ်ကြီးဖြတ်လို့ကိုယ်သွားမယ်
သို့သော်ကွယ်ချစ်သူမေရှိရာကျွန်းကို
တစ်ခါထပ်ပြီးဆက်ဆက်ပြန်ခဲ့မယ်
(က+မ)...အင်ဒိုနီရှားပိုလာဘာလီကျွန်းလေးမယ်
ပင်လယ်ကြီးဖြတ်လို့တို့သွားမယ်
သို့သော်ကွယ်ချစ်စံအိမ်ရှိရာကျွန်းကို
တစ်ခါထပ်ပြီးဆက်ဆက်ပြန်ခဲ့မယ်
ကျေးဇူးတင်ပါတယ်