menu-iconlogo
huatong
huatong
avatar

အဘယ့်ကြောင့်ဆိုသော်

ဖြူဖြူကျော်သိန်းhuatong
mrbbam212huatong
Lyrics
Recordings
အဘယ့်ကြောင့်ဆိုသော်

ရေး ️ မင်းချစ်သူ

ဆို ️ ဖြူဖြူကျော်သိန်း

. .

Ready!

Go!

မှားယွင်းပါစေ အခုနေတော့ ငါ မပြုပြင်

အိုဟိုးဟိုး အဓိပ္ပါယ် မဖွင့်ဆိုနိုင်

သိပ်နက်ရှိုင်းတာပဲ သိတယ်

အသည်းနှလုံးကနေ

အို တိုက်ရိုက် ကြိုးကိုင် စေခိုင်းသလား

ငါဘယ်လို ဖြစ်သွားလဲ

မကြုံဖူးသေးလို့ ရူးတာလား

အဘယ့်ကြောင့်ဆိုသော်

အားကြီးလွန်းတဲ့ သက်ရောက်မှု တစ်ခုကြောင့်

အဘယ့်ကြောင့်ဆိုသော်

ခံစားမှုများ ဆွဲငင်

အပြာရောင် စက်ကွင်းထဲ ဝင်ရောက်

အဘယ့်ကြောင့်ဆိုသော်

ဘုံဗိမာန်နဲ့ ထောင်ချောက် ဘာဆိုတာ မသိ

စွန့်စားချင်စိတ်တွေ ရှိပြီ

အဘယ်ကြောင့်ဆိုသော် သိပ်ချစ်လို့ပေါ့

ကမ်းစပ်မမြင်ဘဲ

အတူတူ မျောချင် လွင့်ချင်မိတာ အချစ်ပဲလား

မိုးသားပင်လယ် အပြောကျယ်မှုလို

အချစ်ကို ဘောင်ခတ်မထား မတားနဲ့တော့လေ

အဆိုး အမိုက် ကြိုက်သလို ဝေဖန်ပါ

ငါဝန်ခံ ဖြောင့်ချက်လေးပေး

ငါတို့ ဝေးများဝေးရင် ငါ့ရင်ကွဲမယ်

အဘယ့်ကြောင့်ဆိုသော်

အားကြီးလွန်းတဲ့ သက်ရောက်မှု တစ်ခုကြောင့်

အဘယ့်ကြောင့်ဆိုသော်

ခံစားမှုများ ဆွဲငင်

အပြာရောင် စက်ကွင်းထဲ ဝင်ရောက်

အဘယ့်ကြောင့်ဆိုသော်

ဘုံဗိမာန်နဲ့ ထောင်ချောက် ဘာဆိုတာ မသိ

စွန့်စားချင်စိတ်တွေ ရှိပြီ

အဘယ်ကြောင့်ဆိုသော် သိပ်ချစ်လို့ပေါ့

သူအချစ်ပေးရင် ငါအသက်ပေးနိုင်

တုံ့ပြန်လိုက်ဖို့ အသင့်ရှိ

သူရဲ့ အဆိုးအကောင်း ဘယ်သူ ဘာပြောပြော

ထုံးစံအဟောင်းတွေ ငါမယုံကြည်

ငါယူမဲ့အရာ ငါပြန်ပေးမှာ

အချစ်သက်သက် တစ်ခုလေ

ဆိုင်သူနှစ်ဦးတည်း

စိတ်ရဲ့ နားနဲ့ ကြားနိုင်တဲ့

ကာ ရန် သစ် သီချင်း…

အဘယ့်ကြောင့်ဆိုသော်

အားကြီးလွန်းတဲ့ သက်ရောက်မှု တစ်ခုကြောင့်

အဘယ့်ကြောင့်ဆိုသော်

ခံစားမှုများ ဆွဲငင်

အပြာရောင် စက်ကွင်းဆီ ကျရောက်

အဘယ့်ကြောင့်ဆိုသော်

တွယ်ငြိရုံ ထိရုံ အချစ်မှာ

တဖြည်းဖြည်းနဲ့ ပျော်ဝင်

အဘယ့်ကြောင့်ဆိုသော်

သံယောဇဉ်လေးတွေက မဖြတ်နိုင်တဲ့ ကြိုးမျှင်

အဘယ့်ကြောင့်ဆိုသော်

စိုးရိမ်မှုတွေ ထား… လိုက်

စွန့်စားဖို့ အသင့်ပြင်

အဘယ်ကြောင့်ဆိုသော်… အိုး… အချစ်

ငါမရှောင်နိုင်ဘူး ဟူး…

မရှောင်နိုင်ဘူး ဟူး…

ကျေးဇူးတင်ပါတယ်...

More From ဖြူဖြူကျော်သိန်း

See alllogo