menu-iconlogo
huatong
huatong
avatar

သူမနဲ့ ကျွန်တော်ရဲ့ အတ္ထုပ္ပတ္တိ

ဖြိုးမြတ်​​အောင်​huatong
ငယံ—(NgaYan)huatong
Lyrics
Recordings
ရေး-အောင်ရာ

ကျွန်တော့်မှာ လူငေးစရာ ရူပါမရှိ

ကျွန်တော့်မှာ ငွေကြေးအတော် ချူချာ၏

ကျွန်တော့်ဆို မျက်နှာမွဲသာ မြင်ပါသည်

ကျွန်တော့်ကို ဘယ်သူမှ အို သေချာမသိ

သူမ ရူပါက အကုန် ကြွေပါသည်

သူ့မှာ အဆင့်အတန်း ဂုဏ်ထည်ဝါရှိ

သူ့ဆို လူတိုင်း အကုန် ခင်ချင်သည်

သူ့ကို အထင်ကြီးသူတွေ အများကြီး

ကျွန်တော် သူ့ကို ကြိတ်ပိုးနေတာ ကြာပြီ

ကျွန်တော့်ဆို သူ ရှိနေတယ်တောင် မသိ

သူနဲ့ ဆုံရင် ကျွန်တော့်မှာ နေစရာမရှိ

သူ့ကို ကြိတ်ပိုးသူတွေ အများကြီး

သူ့ အတန်းရှိတဲ့ ကျောင်းကြီးရဲ့ နေရာတိုင်းမှာ

ကျွန်တော် အမြဲရှိဖို့ ကြိုးစားခဲ့ရင်း

သူ မမြင်အောင်သာ

နေ့တိုင်း ခိုးကြည့်မိတဲ့ ကျွန်တော့် ရင်မှာ

သူ့အတွက်

အို . . မရေတွက်နိုင်ခဲ့

သူ မလိုချင်သော

အချစ်စစ်များ ပိုင်သည်

ကျွန်တော် သူ့ကို ကြိတ်ပိုးနေတာ ကြာပြီ

ကျွန်တော့်ဆို သူ ရှိနေတယ်တောင် မသိ

သူနဲ့ ဆုံရင် ကျွန်တော့်မှာ နေစရာမရှိ

သူ့ကို ကြိတ်ပိုးသူတွေ အများကြီး

သူ့ အတန်းရှိတဲ့ ကျောင်းကြီးရဲ့ နေရာတိုင်းမှာ

ကျွန်တော် အမြဲရှိဖို့ ကြိုးစားခဲ့ရင်း

သူ မမြင်အောင်သာ

နေ့တိုင်း ခိုးကြည့်မိတဲ့ ကျွန်တော့် ရင်မှာ

သူ့အတွက်

အို . . မရေတွက်နိုင်ခဲ့

သူ မလိုချင်သော

အချစ်စစ်များ ပိုင်သည်

အချိန်များ ပြောင်းလို့ ကျောင်းကြီး ပိတ်စဉ် အချိန်အခါ

နေ့တိုင်း ဖတ်တဲ့ ခေါင်းစီး သတင်းစာ တစ်နေရာ

သူ စေ့စပ်တဲ့ အကြောင်း တွေ့မိခဲ့ချိန်

ကျွန်တော့်ရဲ့

အို . . ကမ္ဘာကြီး ပျက်စီးသွားပြီ

သူ့အတွက် ကျွန်တော့်ရဲ့ အချစ်များ ထာဝရ

သိမ်းဆည်း လိုက်ပါပြီ

အို ..

သူ့အတွက် ကျွန်တော့်ရဲ့ အချစ်များ ထာဝရ

သိမ်းဆည်း လိုက်ပါ

ပြီ

More From ဖြိုးမြတ်​​အောင်

See alllogo