menu-iconlogo
huatong
huatong
avatar

အိပ်မက်ထဲကချစ်သူ

ကြိုးကြာ/စင်ဒီhuatong
MOEKYASHWEKOhuatong
Lyrics
Recordings
အိပ်မက်ထဲကချစ်သူ

တေးဆို = ကြိုးကြာ + စင်ဒီ

တေးရေး = အငဲ

အခုတလော ငါ ညတိုင်းကွယ်

အိပ်မက်တွေ သိပ်ဆန်းကြယ်

ငါအရင်မကြုံခဲ့ဘူး အချစ် အိပ်မက်များ

ရင်ခုန်သံတွေ မင်းပြုစား....

သူငယ်ချင်းတွေက ပြောတယ်

နင်ရူးနေတာဖြစ်မယ်

ဘယ်သူတွေ ဘာပြောပြော ငါ့ရင်မှာ

အပြင်မှာဆုံတွေ့ပါရစေလား....

အိပ်မက်ထဲကချစ်သူ ငါစွဲလန်းလို့နေတာ

မင်းကိုချစ်တဲ့ အချစ်မျိုး မချစ်ခဲ့ဖူးပါ

အတိတ်က ဖူးစာရှင်ပဲလား

ငါမင်းနဲ့ဆုံပါရစေသား...

အိပ်မက်ထဲကချစ်သူ ငါသိပ်ချစ်မိနေတာ

အချစ်တွေ အချစ်တွေ ရင်ထဲမှာ

တို့တွေ့ရင်ကွာ နေပါရစေ မင်းနံဘေးမှာ....

ငါမင်းပုံတူ ဆေးခြယ်

ငါ့အခန်းမှာ ချိတ်ထားတယ်

အို တစ်ခါတစ်လေယောင်ပြီး ကြားမိသလိုပဲ

ခေါ်သံလိုငါ့အခန်းထဲ....

ဒီည အိပ်မက်ဦးမလား

တကယ်တို့ဆုံနိုင်ပါ့မလား

ပုံပြင်တွေလိုများ မင်းနဲ့ငါ့ကြား

ကျိန်စာဆိုတာမျိုး ရှိသလား....

အိပ်မက်ထဲကချစ်သူ ငါစွဲလန်းလို့နေတာ

မင်းကိုချစ်တဲ့ အချစ်မျိုး မချစ်ခဲ့ဖူးပါ

အတိတ်က ဖူးစာရှင်ပဲလား

ငါမင်းနဲ့ဆုံပါရစေသား...

အိပ်မက်ထဲကချစ်သူ ငါသိပ်ချစ်မိနေတာ

အချစ်တွေ အချစ်တွေ ရင်ထဲမှာ

တို့တွေ့ရင်ကွာ နေပါရစေ မင်းနံဘေးမှာ....

အို... အိပ်မက်လေး(အိပ်မက်လေး)

အိပ်မက်လေး တို့တကယ်ဆုံပါ့မလား

အိပ်မက်လေး(အိပ်မက်လေး)

အိပ်မက်လေး တို့တကယ်ဆုံပါ့မလား

အိပ်မက်ထဲကချစ်သူ ငါစွဲလန်းလို့နေတာ

မင်းကိုချစ်တဲ့ အချစ်မျိုး မချစ်ခဲ့ဖူးပါ

အတိတ်က ဖူးစာရှင်ပဲလား

ငါမင်းနဲ့ဆုံပါရစေသား...

အိပ်မက်ထဲကချစ်သူ ငါသိပ်ချစ်မိနေတာ

အချစ်တွေ အချစ်တွေ ရင်ထဲမှာ

တို့တွေ့ရင်ကွာ နေပါရစေ မင်းနံဘေးမှာ....