အလွမ်းသမားလေးသို့
တေးရေး အောင်မြင့်ကြည်(ဟင်္သာတ)
တေးဆို နိုင်မင်းအောင်
ဟိုတစ်ချိန်က အလွမ်းတေးလေးတွေသီဆိုနေ
ပြန်မလာပဲ ခွဲလို့သွားသူရေ
ရင်ထဲက အတွေးအခေါ်တွေ
ဖန်တီးခဲ့တေးသံတွေ
သူချစ်တဲ့အနုပညာတွေ
မြန်မာပြည် ပျံ့လွင့်ခဲ့ပြီလေ
ဧရာကမ်းနံဘေးမှာ
မဖြေသာအလွမ်းတေးတွေ
ရေးခဲ့ဆိုခဲ့ သူ့အသံတွေ
အသက်မသေ အခက်ဝေ
ရှင်သန်နေဆဲပေါ့လေ
ရဝေရဝေ
အချစ်သစ်ရဲ့သီချင်းသံလေးတွေ
နိုင်တော်မူ ဂုဏ်မြင့်သူရေ
တမ်းတဟစ်အော် တစ်ကြော်ကြော်သီဆိုနေ
ကြိတ်ပိုးလေးလည်း ဆိုခဲ့ဖူးပေ
တကယ်မုန်းမေ့မှ မုန်းပါတဲ့လေ
အလွမ်းသံကိုခြွေ တေးကိုစေ
အချစ်ရှေ့နေ အချစ်ရှေ့နေ
သီဆိုသူအလွမ်းသမား မင်းအောင်ရေ
ငွေသောင်ယံ သဲပွင့်လေးတွေ
တွေ့လေမြင်လေတိုင်း ရင်လှိုင်းခက်ပွေ
သူ့အသံလေး ကြားယောင်ကာနေ
သူများနဲ့ငါ့ရည်းစား ညားတဲ့သီချင်းတွေ
မင်းအောင်ဆိုနေ
မြမျက်ရည်မိုးစွေ
အနုပညာဝါသနာကပို
စတီရီယိုကတ်ဆက်တစ်လုံးရယ်
ဂစ်တာရယ် တိတ်ခွေလေးရယ်
မြတ်နိုးလို့ ခင်တွယ်နေ
အသက်မရှိတောင် သီချင်းဆိုခဲ့သူရေ
🎤🎤🎤🎤
ဟိုတစ်ချိန်က အလွမ်းတေးလေးတွေသီဆိုနေ
ပြန်မလာပဲ ခွဲလို့သွားသူရေ
ရင်ထဲက အတွေးအခေါ်တွေ
ဖန်တီးခဲ့တေးသံတွေ
သူချစ်တဲ့အနုပညာတွေ
မြန်မာပြည် ပျံ့လွင့်ခဲ့ပြီလေ
ဧရာကမ်းနံဘေးမှာ
မဖြေသာအလွမ်းတေးတွေ
ရေးခဲ့ဆိုခဲ့ သူ့အသံတွေ
အသက်မသေ အခက်ဝေ
ရှင်သန်နေဆဲပေါ့လေ
ရဝေရဝေ
အချစ်သစ်ရဲ့သီချင်းသံလေးတွေ
နိုင်တော်မူ ဂုဏ်မြင့်သူရေ
တမ်းတဟစ်အော် တစ်ကြော်ကြော်သီဆိုနေ
ကြိတ်ပိုးလေးလည်း ဆိုခဲ့ဖူးပေ
တကယ်မုန်းမေ့မှ မုန်းပါတဲ့လေ
အလွမ်းသံကိုခြွေ တေးကိုစေ
အချစ်ရှေ့နေ အချစ်ရှေ့နေ
သီဆိုသူအလွမ်းသမား မင်းအောင်ရေ
ငွေသောင်ယံ သဲပွင့်လေးတွေ
တွေ့လေမြင်လေတိုင်း ရင်လှိုင်းခက်ပွေ
သူ့အသံလေး ကြားယောင်ကာနေ
သူများနဲ့ငါ့ရည်းစား ညားတဲ့သီချင်းတွေ
မင်းအောင်ဆိုနေ
မြမျက်ရည်မိုးစွေ
အနုပညာဝါသနာကပို
စတီရီယိုကတ်ဆက်တစ်လုံးရယ်
ဂစ်တာရယ် တိတ်ခွေလေးရယ်
မြတ်နိုးလို့ ခင်တွယ်နေ
အသက်မရှိတောင် သီချင်းဆိုခဲ့သူရေ
.................
ကိုး(အလွမ်းပြေ)