သော်တာ လမင်း
ငွေစင်ကြယ်တွေ တိုင်တည်ရင်း
အိမ်ပြန်လမ်း မင်းရှိရာ
မှန်းဆပြီး ပြန်လာမှာ
ကြင်နာသူ ရင်ခွင်မှာ
ခိုဝင်နားဖို့ ကြိုနေပါ
ရင်မှာ မေးချင်နေသောစကား
အရင်လို ကိုယ့်ကို ချစ်သေးလား
မင်းဆီမှာ ရှိသေးလား ချစ်သူရာ
ဦးထားတဲ့ အသည်း တစ်နေရာ
အမြဲတမ်း ကိုယ်နေဖို့ရာ
ကြင်နာသူ မင်းဆီမှာ
ရှိသေးလား ချစ်သူရာ
အမြဲတမ်းပဲ နားခိုဖို့
စိုးရိမ်တယ် ပျောက်ကွယ်မှာ
ကိုယ် ရင်ခုန်ရင်း
အရာရာ ယုံကြည် မျှော်လင့်ရင်း
အချိန်ရှိတိုင်း နှလုံးသားမှာ
အားတင်း နေမှာ
ဒီနေရာ ကိုယ်သာပိုင်
ဘယ်အခါ အရှုံးနဲ့ မကြုံချင်ပါ
ရင်မှာကြိတ်ခါ ဆုတောင်းမိ
ကိုယ်ချစ်သွားမယ် နောက်ဆုံးထိ
မင်းဆီမှာ ရှိသေးလား ချစ်သူရာ
ဦးထားတဲ့ အသည်း တစ်နေရာ
အမြဲတမ်း ကိုယ်နေဖို့ရာ
ကြင်နာသူ မင်းဆီမှာ
ရှိသေးလား ချစ်သူရာ
အမြဲတမ်းပဲ နားခိုဖို့
စိုးရိမ်တယ် ပျောက်ကွယ်မှာ
ကိုယ် ရင်ခုန်ရင်း
အရာရာ ယုံကြည် မျှော်လင့်ရင်း
အချိန်ရှိတိုင်း နှလုံးသားမှာ
အားတင်း နေမှာ
ဒီနေရာ ကိုယ်သာပိုင်
ဘယ်အခါ အရှုံးနဲ့ မကြုံချင်ပါ
ရင်မှာကြိတ်ခါ ဆုတောင်းမိ
ကိုယ်ချစ်သွားမယ် နောက်ဆုံးထိ
မင်းဆီမှာ ရှိသေးလား ချစ်သူရာ
ဦးထားတဲ့ အသည်း တစ်နေရာ
အမြဲတမ်း ကိုယ်နေဖို့ရာ
ကြင်နာသူ မင်းဆီမှာ
ရှိသေးလား ချစ်သူရာ
အမြဲတမ်းပဲ နားခိုဖို့
စိုးရိမ်တယ် ပျောက်ကွယ်မှာ