သီချင်း - အငွေ့အသက်များ
တေးဆို - အာဘွိုင်း ၊ ချမ်းမြေ့မောင်ချို
လူတိုင်းရူးသွပ်ကြတာ အချစ်ကြောင့်ပဲဖြစ်မှာပဲ
ငါလည်းရူးသွပ်ခဲ့တာ အချစ်ကြောင့်ပဲဖြစ်နိုင်တယ်
တစ်ချို့က နီးစပ်ခွင့်ရပေမယ့်
တစ်ချို့က ကမ္ဘာတစ်ဖက်ဆီ ကွာဝေးခဲ့
ငါတို့နှစ်ယောက်မပေါင်းနိုင်ခဲ့တာ ဘာကြောင့်လဲ?
နောက်ဆုံးတော့လဲ ဒါတွေအားလုံးဟာ အိပ်မက်ပဲ
ရက်လနှစ်တွေသာ ကြာမြင့်ခဲ့
တစ်ကယ်ဝေးကွာခဲ့ အဲ့ဒါအမှန်တရားပဲ
Oh! မထင်ထားပေါ့ ငါ မထင်ထားပေါ့
အခုလိုနေ့မှာ ပြန်ဆုံမယ်လို့ ငါမထင်ထားတော့
ဘယ်လိုစပြီးငါ အရင်စကားပြော
ကြောက်စိတ်ကြောင့်ငါ့နှုတ်ခမ်းများတောင်
အင်အားလျော့ ဖြေမရပေါ့
စပြီး ကမ်းခဲ့ သူ့ရဲ့လက်ကို နှုတ်ဆက်လို့ကြို
အခုမှ ငါတို့ သိတဲ့ မိတ်ဆွေနှစ်ဦးလို
အခုဆို ငါဘက်ကိုအနေ မခက်အောင်
မင်းဘက်ကစပြီး ဟန်ဆောင်ပေးတဲ့အတွက်
ကျေးဇူးပါပဲ မိန်းကလေး
ပြန်ဆုံစီးဖို့ မဖြစ်နိုင်တာမှန်ပေမယ့်
ပြန်ဆုံတွေ့တဲ့အခိုက်မှာ ငါရင်ခုန်နေဆဲ
ဟိုးအတိတ်နေ့ရက်တွေ မသိစိတ်ထဲမှာ
ထင်ကျန်နေ နင်နဲ့ငါနဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့
အငွေ့အသက်များ
စကားတွေဆက်ဖောင်ဖွဲ့ကာ ပြောနေသေး
အကြောင်းအရာလဲမထပ် ဆက်တိုက်ကြီးကိုမေး
ဘယ်လိုတွေတောင်ကုန်မြန်သော နာရီကိုငေး
ဘေးချင်းကပ်ထိုင်ပေမယ့် နီးသလိုဝေး
အဖြစ်အပျက်အကုန်လုံး အိမ်မက်လိုမျိုး
အချစ်တွေ မရှိတော့သလိုပဲ အမုန်းလဲမရှိလို့
ခြေမကိုင်မိ လက်မကိုင်မိ ဘာလုပ်ရမတုန်း
ပတ်ဝန်းကျင်က မရိပ်မိခင် ဦးဏှောက်ပြန်သုံး
စိတ်အလိုကိုလိုက်ပြီး အချိန်တွေကို မဖြုန်းနဲ့
သူ့ဘဝနဲ့သူ အဆင်ပြေနေတာကောင်းတယ်
ပြန်လိုချင်တယ် ဟိုအရင်လို အိပ်မက်များ
အပြစ်တွေကိုဖန်တီးခဲ့ နှစ်ယောက်အတူတကွ
ပက်သက်ခဲ့မိသမျှ အမှတ်တရတွေချည်းပဲ
နှလုံးသားရဲ့ထောင့်တစ်နေရာ
သိမ်းဆည်းကာထားဆဲ
ခြေကုန်လက်ပန်းကျ အတွေးများစွာနဲ့
မနီးစပ်နိုင်တော့ပေမယ့် စိတ်ကူးနဲ့ နမ်းခဲ့
ပြန်ဆုံစီးဖို့ မဖြစ်နိုင်တာမှန်ပေမယ့်
ပြန်ဆုံတွေ့တဲ့အခိုက်မှာ ငါရင်ခုန်နေဆဲ
ဟိုးအတိတ်နေ့ရက်တွေ မသိစိတ်ထဲမှာ
ထင်ကျန်နေ နင်နဲ့ငါနဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့
အငွေ့အသက်များ
ဘဝနှစ်ခုပေါင်းစပ်နိုင်ဖို့အတွက်
ရည်ရွယ်ထားခဲ့ပေမယ့်လည်း
အခုတော့ အိပ်မက်လိုပဲကွယ်
အပြင်မှာ လက်တွေ့ တကယ်တော့
အဝေးဆုံး ကွာခြားဆဲ
ပြန်ဆုံစီးဖို့ မဖြစ်နိုင်တာမှန်ပေမယ့်
ပြန်ဆုံတွေ့တဲ့အခိုက်မှာ ငါရင်ခုန်နေဆဲ
ဟိုးအတိတ်နေ့ရက်တွေ မသိစိတ်ထဲမှာ
ထင်ကျန်နေ နင်နဲ့ငါနဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့
အငွေ့အသက်များ .. အိုး အငွေ့အသက်များ
ဟိုး အငွေ့အသက်များ .. ဟိုး အိုး အငွေ့အသက်များ