ရိုင်းတဲ့ဇင်ယော်
တေးဆိုသူ ဘာဘရာ
ချိန်ခါဆည်းဆာ မြစ်ဧရာပေါ်
ပျံကာ၀ဲကာ ငှက်ရွှေဇင်ယော်
သံသာသာဟစ်ကာကြွေးကြော်
ချစ်ချစ်စရာကလေးနော်....
ကရီကရာကကာမြူးကာသူ့ဘ၀သူပဲပျော်
လှိုင်းကလေးတဖွေးဖွေးအေးတဲ့မြစ်ပေါ်
ထင်ရာလဲစိုင်းသနော် ရိုင်းတဲ့ဇင်ယော်...
ချိန်ခါဆည်းဆာ မြစ်ဧရာပေါ်
ပျံကာ၀ဲကာ ငှက်ရွှေဇင်ယော်
သံသာသာဟစ်ကာကြွေးကြော်
ချစ်ချစ်စရာကလေးနော်....
ကရီကရာကကာမြူးကာသူ့ဘ၀သူပဲပျော်
လှိုင်းကလေးတဖွေးဖွေးအေးတဲ့မြစ်ပေါ်
ထင်ရာလဲစိုင်းသနော် ရိုင်းတဲ့ဇင်ယော်....
ကဗျာဆရာ ကွန့်လိုက်ပါတဲ့သူ့အာဘော်
ဇင်ယော် ငှက်အလိမ္မာလေးဖြစ်ပြန်သနော်
ကဗျာဆရာ ကွန့်လိုက်ပါတဲ့သူ့အာဘော်
ဇင်ယော် ငှက်အလိမ္မာလေးဖြစ်ပြန်သနော်
တကယ်ဆိုတော့ငှက်ကလေးဇင်ယော်
အစာရှာဖို့လှေကလေးသာမျှော်
တူမောင်မယ်ချစ်တဲ့အရေးကိုသိရှာပါဘူးနော်
ကရီကရာကကာမြူးကာသူ့ဘ၀သူပဲပျော်
လှိုင်းကလေးတဖွေးဖွေးအေးတဲ့မြစ်ပေါ်
ထင်ရာလဲစိုင်းသနော် ရိုင်းတဲ့ဇင်ယော်...
ချိန်ခါဆည်းဆာ မြစ်ဧရာပေါ်
ပျံကာ၀ဲကာ ငှက်ရွှေဇင်ယော်
သံသာသာဟစ်ကာကြွေးကြော်
ချစ်ချစ်စရာကလေးနော်....
ကရီကရာကကာမြူးကာသူ့ဘ၀သူပဲပျော်
လှိုင်းကလေးတဖွေးဖွေးအေးတဲ့မြစ်ပေါ်
ထင်ရာလဲစိုင်းသနော် ရိုင်းတဲ့ဇင်ယော်...
ကဗျာဆရာ ကွန့်လိုက်ပါတဲ့သူ့အာဘော်
ဇင်ယော် ငှက်အလိမ္မာလေးဖြစ်ပြန်သနော်
ကဗျာဆရာ ကွန့်လိုက်ပါတဲ့သူ့အာဘော်
ဇင်ယော် ငှက်အလိမ္မာလေးဖြစ်ပြန်သနော်
တကယ်ဆိုတော့ငှက်ကလေးဇင်ယော်
အစာရှာဖို့လှေကလေးသာမျှော်
တူမောင်မယ်ချစ်တဲ့အရေးကိုသိရှာပါဘူးနော်
ကရီကရာကကာမြူးကာသူ့ဘ၀သူပဲပျော်
လှိုင်းကလေးတဖွေးဖွေးအေးတဲ့မြစ်ပေါ်
ထင်ရာလဲစိုင်းသနော် ရိုင်းတဲ့ဇင်ယော်...
မောင်နှမများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်