ဝဋ်
ဘိုဖြူ
ⓛⓝⓣⓡⓞ 0း 30
Uploader Aye Kyaw
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🎼 🎶 🎵
ကံမပါလို့ အရှုံးဘက်က
ရပ်တည် နေရတယ်
ငါ့ဘဝ လမ်းမှာလေ
ဘယ်အချိန် ဘယ်အခါမှလည်း
သာယာမှု မရခဲ့တယ်
မပြေလည် တဲ့ဘဝမှာ
ရေစုန်မျော မျောလွင့်နေမှာလား
ရင်နာတယ် တကိုယ်ထဲရယ်
ဒုက္ခ လမ်းအောက်မှာ
အနှိမ်ခံ ဘဝမှာနေ
နေရတဲ့ အပယ်ခံပါ...
🎵 🎼 🎵
ကယ် သူတွေလဲ
ဆယ်သူတွေလဲ မရှိတဲ့
ဒီဘဝမှာ မျက်နှာငယ်
ထိုက်သင့်တဲ့ အဖြစ်နဲ့
ရှိပါစေတော့ ဘဝရယ်
ဆုတောင်းတိုင်းလဲ မပြည့်နိုင်တယ်
ကြုံသမျှနဲ့ ဖြေသာမယ်
ဪ မထူးတယ်
ရင်နာလဲ မထူးတယ်
အို ရင်နာလဲ မထူးတယ်
🎷SourceⓜⓤⓢⓘⓒInternet🎷
မကြင်နာလို့ အမုန်း..နဲ့သာ
တင်းတိမ် နေရတယ်
ငါ့အချစ်ရေး ဟာလေ
လူတကာ သူတကာလိုလဲ
ပျော်ရွှင်မှု မရခဲ့တယ်
တကိုယ်တော်ရဲ့ ဘဝမှာ
ရင်နာမဆုံး မဆုံးတဲ့ဘဝမှာလေ
မကျော်နိုင်တဲ့ ဒီငရဲမှာ
ဖြစ်သမျှ အကြောင်းအောက်မှာ
ဘယ်လို ဘဝမှာနေ နေရမယ့်သူပါ
ကံကြမ္မာတွေလဲ ဇာတာတွေလဲ
မထူးတဲ့ ဒီငရဲမှာ နစ်နေမှာ
ထိုက်သင့်တဲ့ အဖြစ်နဲ့
ရှိပါစေတော့ ဘဝရယ်
ဆုတောင်းတိုင်းလဲ မပြည့်နိုင်တယ်
ကြုံသမျှနဲ့ ဖြေသာမယ်
ဪ မထူးတယ်
ရင်နာလဲ မထူးတယ်
အို ရင်နာလဲ မထူးတယ်
🎷SourceⓜⓤⓢⓘⓒInternet🎷
သံသရာဟာ အဆုံးအစမရှိတဲ့
သွားရာမယ့် လမ်းမှာ
အတိအကျ မဟောနိုင်တဲ့
ဗေဒင်ဆရာလိုပဲ မှန်ကန်မှုမရခဲ့တဲ့
မယုံနိုင်တဲ့ ဘဝမှာ
ကြုံရာလမ်း လမ်းစတလျှောက်မှာလေ
ရင်ဆိုင်စရာ ဒီဘဝမှာ
လောကသား တစ်ယောက်ပဲ
သံသရာ ဝဋ်ရယ်လို့
ဖြေရင်းနဲ့ ခံနေမယ်
🎵 🎼 🎵
မမြင်နိုင်အောင်ပဲ ဘယ်ဆီမှာလဲ
မသိတဲ့ ဘုံငရဲနဲ့နိဗ္ဗာန်ဟာ
ထိုက်သင့်တဲ့ အဖြစ်နဲ့
ရှိပါစေတော့ ဘဝရယ်
ဆုတောင်းတိုင်းလဲ မပြည့်နိုင်တယ်
ကြုံသမျှနဲ့ ဖြေသာမယ်
ဪ မထူးတယ်
ရင်နာလဲ မထူးတယ်
အို ရင်နာလဲ မထူးတယ်
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🎼 🎶 🎵
By👦AyeKyaw🌿greentiger