မင်းမရှိနေ့များ 
ဆို - ဟန်ထူးလွင် 
 မနေ့ကလိုပဲ 
ဘဝဟာလည်း 
ပျင်းစရာတွေကိုထပ်ပေးတယ် 
ငါ့ကိုမပျော်စေချင်ဘူးတဲ့ 
ငိုသံတွေကို 
သူကြိုက်တယ် 
 ငါ့ဘဝထဲ 
မင်းမရှိပဲ 
ပြဿနာတွေကိုရှာတွေ့တယ် 
နေရာစုံအောင်လျှောက်သွားတယ် 
ခဏလောက်ပျော်ရွှင်ချင်တယ် 
 မင်းမရှိနေ့များရယ် 
စိတ်ဓာတ်တွေကျတယ် 
ခဏလောက်တွေ့ချင်တယ် 
ပြန်ခဲ့ပါ နေရာဟောင်းက 
စောင့်လို့နေဆဲကွယ် 
ငါ မလဲကျချင်ဘူးကွယ် 
ခဏလောက်တွေ့ချင်တယ် 
ငါရှိမယ် နေရာဟောင်းမှာပဲ........ 
 ပြောတဲ့စကား 
မှတ်မိလား 
နင့်ရင်မှာငါရှိသေးလား 
ပျော်ရာမှာမနေနိုင်တဲ့အခါ 
ဒီရင်ကိုစုံကန်လိုက်ပါ 
 ဒုက္ခထဲ မျောနေတဲ့ 
ဘဝကို နင်မလိုချင်ခဲ့ပါ 
ငါဟာဘာကိုမှမငြင်းပါ 
ငါ့အတွက်မငိုချင်ပါနဲ့ 
  မင်းမရှိနေ့များရယ် 
စိတ်ဓာတ်တွေကျတယ် 
ခဏလောက်တွေ့ချင်တယ် 
ပြန်ခဲ့ပါ နေရာဟောင်းက 
စောင့်လို့နေဆဲကွယ် 
ငါ မလဲကျချင်ဘူးကွယ် 
ခဏလောက်တွေ့ချင်တယ် 
ပြန်ခဲ့ပါ နေရာဟောင်းမှာပဲ........ 
   မင်းမရှိနေ့များရယ် 
စိတ်ဓာတ်တွေကျတယ် 
ခဏလောက်တွေ့ချင်တယ် 
ပြန်လာခဲ့တော့... 
စောင့်လို့နေဆဲကွယ် 
ငါ မလဲကျချင်ဘူးကွယ် 
ခဏလောက်တွေ့ချင်တယ် 
ပြန်ခဲ့ပါ နေရာဟောင်းမှာပဲ........ 
ကျေးဇူးတင်ပါတယ်  
 IvyMay