သီချင်း - မငိုပါနဲ ့
တေးဆို- Bobby Soxer
တကယ်ကိုနောက်ကျသွားပီလား
အခြေအနေချင်းကအရမ်းကွာခြား
စွန့်လွှတ်ထွက်ခွာသွားသူ
ဘဝထဲက
တိတ်တဆိတ်မင်းထွက်သွား
ရက်စက်တဲ့ကံတရား
ဆုံစည်းခဲ့ကြတာ
ကြေကွဲဖို့သက်သက်လား
နင်ကြားနိုင်မှာလားကွာ
ဂစ်တာလေးနဲ့ညည်းဆို
ငါ့ရဲ့သစ္စာတရား
အနားမှာရှိသေးလား
တကယ်လို့ရှိနေသေးရင်
ချစ်သူလေးရေ
ဝမ်းနည်းလို့နေမလား
ငိုမနေပါနဲ့ကွယ်
ဘယ်လိုအကြောင်းမျိူးရှိပါစေ
ငိုမနေပါနဲ့ကွယ်
ကံတရားကတဖက်သတ်ဘဲ
အေးစက်ညများအလယ်
ဝမ်းနည်းနေပေမဲ့လဲ
အိုငါ့အတွက်တော့မငိုပါနဲ့
ခေါ်နေတာကြားလား
ရှိသေးလားငါ့အနားနား
ပဲ့တင်သံများကြားအချိန်တွေကို
ခနရပ်ထားပါ
အခြေအနေချင်းခြားထားလဲတင်းကျပ်စွာ
ဖက်လို့ထားပါဖြစ်နိုင်ရဲ့လားကွာ
ငါ့ရဲ့စိတ်ကိုဖမ်းစားထားသလား
ရင်မှာလွမ်းတဲ့စိတ်နဲ့
ခြေကုန်လက်ပန်းကျ
ကံတရားကရက်ရက်စက်စက်
ငါ့ကိုအငြိုးနဲ့ချန်ခဲ့သလားပြောပါ
ဘာတွေများငါမှားခဲ့လဲ
ငါ့ကိုလိုတာပြောပါ
ငါကသူ့အတွက်သက်သက်မဲ့
ဒုက္ခပေးခဲ့သူမျိုးလား
၂ယောက်လုံးအကောင်းဆုံးဖြစ်ဖို့
ကြိုးစားနေတာဘဲဒီထပ်
ကံတရားကဘာလို့ပိုပီး
ရက်စက်ချင်တာလဲအဝေးက
အငွေ့အသက်လေးများ
ခိုင်မြဲတဲ့ဆေးသား
နင်ပန်းချီကားတချပ်လို
ဘယ်အခြေအနေရောက်ပါစေ
ရှိနေမယ်နင့်ရဲ့ဘေးမှာ
ငိုမနေပါနဲ့ကွယ်
ဘယ်လိုအကြောင်းမျိူးရှိပါစေ
ငိုမနေပါနဲ့ကွယ်
ကံတရားကတဖက်သတ်ဘဲ
အေးစက်ညများအလယ်
ဝမ်းနည်းနေပေမဲ့လဲ
အိုငါ့အတွက်တော့မငိုပါနဲ့