menu-iconlogo
huatong
huatong
avatar

ယုံကြည်လိုက်

Bobby Soxerhuatong
freudjunghuatong
Lyrics
Recordings
သီချင်း - ယုံကြည်လိုက်

တေးဆို - bobby soxer, နီနီခင်ဇော်

ငါလေပြောချင်တယ်

ဒီစကားများမင်းကို

ရင်မှာသိမ်းဆည်းထား

နင်လေသိနိုင်တယ်

အို ငါ့ရဲ့အချစ်ကို

ဘယ်လိုပင်

ဖုံးဝှက်ထားလည်း

ဘာအတွက်ပါလဲ

ဘယ်လိုတားတားမင်းကို

ငါလေအဆက်မဖြတ်ပါ

လိုအပ်ချိန်တိုင်းမှာလည်း

ငါမင်းရဲ့အနားမှာ

ရှိနေပေးလို့သွား

အမြဲတမ်း

အမြဲတမ်းပဲ

တို့နှစ်ယောက်အချစ်ကို

မေးခွန်းထုတ်နေသလို

အတားအဆီးတို့

ထိုးနှက်

အဆက်ဖြတ်ထားလည်း

စိတ်ထဲကနီးနေသလို

အိုး ၀ိုး

အမြဲတမ်း အမြဲတမ်းပဲ

ငါ့ရဲ့အချစ်က

မင်းအတွက်ရှိနေသလို

အမြဲတမ်း အမြဲတမ်းပဲ

မင်းရဲ့အချစ်က

ငါ့အတွက်ရှိနေပေးပါ

ယုံကြည်နေလိုက်

ဒီကမ္ဘာမြေ၌ ငါ့ရင်မှာ

မင်းတစ်ယောက်ကလွဲရင်

ကြင်နာမှုများမရှိဘူး

သစ္စာရည်စူး

ယုံကြည်နေလိုက်ပါ

မင်းနဲ့တွေ့နေစဉ်

အခိုက်မှာအရင်တိုင်းပဲ

စိတ်မှာလစ်ဟာမနေဘူး

ယုံကြည်နေလိုက်ပါ

ငါကျေးဇူးတင်လိုက်တာ

အို ၀ိုး

မင်းနဲ့တွေ့ဆုံခွင့်ရလို့

အိုး ၀ို ၀ိုးးဝူးဝိုးး

တွေ့ဆုံခွင့်ရလို့

Yo တကယ်ကိုမသိတော့ဘူး

သူ့အပေါ်မှာ

ငါကအတ္တကြီးခဲ့လား

အသေးအမွှား

ဘေးနား

သွေးထိုးစကားအပြင်

နှစ်ယောက်ကြားပြသနာ

မရှိခဲ့ပါ

အသိမဲ့စွာ

ဒီ့ထက်ငါ

ချစ်တာတစ်ခုတည်း

စိုးရိမ်မှုတွေကြီးခဲ့ရ

ရည်ရွယ်ပြီးသား

သူနဲ့လက်တွဲကတည်းက

တစ်သက်စာခရီးအတွက်ပါ

မကြာခဏ

တိုက်ခတ်တဲ့မုန်တိုင်းများစွာ

သွေးအေးတဲ့

လူတွေကြားမှာ

နွေးထွေးတဲ့

တို့နှစ်ယောက်

ဆက်ဆံရေးက

ပေါင်းကူးတံတားအလား

ဘယ်သူတွေ

ဘယ်လိုတားတား

အမြဲတမ်းရှိနေပေးပါ

အနားမှာ

စိတ်ပူမနေပါနဲ့တော့

သူ့အပြင်လည်း ငါ

နောက်တစ်ယောက်မထားပါ

တကယ်တော့လည်း

ငါမဟုတ်တဲ့

တခြားတစ်ယောက်က

သူ့ကိုပိုပြီး

ပျာ်ရွှင်စေနိုင်မလား

ဒီအဖြေကိုသိနေလည်း

ငါမဖြေနိုင်ပါ

ငါမရှိပဲသူ

နေနိုင်လား

သူ့အတွက်ငါပေးနိုင်တဲ့

ပျော်ရွှင်မှု

ဆိုတာကလည်း

ခဲလုံးတစ်လုံး

ပစ်ချမိလိုက်တဲ့

ရေအိုင်လား

စိုးရိမ်လို့ပြောတဲ့

စကားတွေကို

ဂျစ်ကန်ကန်

လုပ်ခဲ့ဖူးတယ်

သူငယ်ချင်းတွေ

ငါ့ကိုရူးတယ်ပြောလည်း

မငြင်းဘူးဟုတ်တယ်

အရူးပဲ

ဘယ်သူသိမလဲ

လွမ်းရလွန်းလို့

အိပ်ယာပေါ်မှာအလူးအလဲ

သူကသာ ငါ့ဘဝမှာ

နောက်ထပ်မရှိနိုင်တော့တဲ့

အချစ်ရဆုံးသူတစ်ဦးပဲ

ယုံကြည်နေလိုက်

ဒီကမ္ဘာမြေ၌ ငါ့ရင်မှာ

မင်းတစ်ယောက်ကလွဲရင်

ကြင်နာမှုများမရှိဘူး

သစ္စာရည်စူး

ယုံကြည်နေလိုက်ပါ

မင်းနဲ့တွေ့

နေစဉ်အခိုက်မှာ အို ၀ို

အရင်တိုင်းပဲ

စိတ်မှာလစ်ဟာမနေဘူး

ယုံကြည်နေလိုက်ပါ

ငါကျေးဇူးတင်လိုက်တာ

အို ၀ို

မင်းနဲ့တွေ့ဆုံခွင့်ရလို့

အိုးးးး ၀ို ၀ိုးးးဝူးဝိုးးး

တွေ့ဆုံခွင့်ရလို့

လက်ကိုတွဲ

နှစ်ယောက်သား

နားလည်မှုနဲ့ဘဝကို

နေကြည့်ကြမယ်

ဘယ်အရာအတွက်မဆို

အမြဲတမ်းဘေးက

နေပြီးတော့ငါ

ဖြည့်ဆည်းသွားမယ်

တစ်ချက်မပြိုလဲ

ဘယ်အခြေအနေပဲ

ရောက်ပါစေ

ဘေးမှာနေပြီးသားပဲ

ဘယ်သူ့ကြောင့်

ဘာ့ကြောင့်

ဘာဆိုဘာမှမပြောပဲနဲ့

အဖြေရှိထားခဲ့

ရှေ့ဆက်

ဘာတွေဖြစ်ဦးမလဲဆိုတာ

မှန်းဖို့ကခက်တယ်

သံသယနဲ့စိုးရိမ်မှု

လွှမ်းမိုးနေချိန်

အလွမ်းမြို့

ကမ္ဘာပျက်မယ်

ခြေတစ်လှမ်းတိုး

တာအတွက်နဲ့

အနာဂတ်လမ်း

ကြမ်းတော့ကွာ

ခက်တယ်

ဒီလိုအချိန်

ရင်ဘတ်ထ

ဲဗြောင်းဆန်လာပြီး

အလွမ်းမိုးရွာတတ်တယ်

တစ်နေ့နေ့တစ်ချိန်ချိန်

သူလည်း

စိတ်ကုန်သွားမှာစိုးတယ်

တစ်ဖက်သတ်

ဆန်တာမျိုးလည်း

မဖြစ်ချင်ပေမယ့်

စွန့်လွှတ်ဖို့မလွယ်လို့

တကယ်

မျက်ရည်မိုးလည်း

မစဲပဲသည်းခဲ့

တဖွဲဖွဲနေ့ရက်တိုင်း ရွာလို့အမြဲ

အကြိမ်ကြိမ်ဖန်ဖန်

ပျော်ခဲ့တဲ့အချိန်တွေကို

တွေးလိုက်တိုင်း ကြည်နူးဆဲ

အချိန်တွေရယ် ကုန်ပါတော့

မနေနိုင်ပါ အလွမ်းတို့နဲ့

မွန်းကြပ်လို့

ငါ့တစ်ယောက်တည်း

အချိန်တွေရယ် ကုန်ပါတော့

မနေနိုင်ပါ အလွမ်းတို့နဲ့

မွန်းကြပ်လို့

ငါ့တစ်ယောက်တည်း

ငါ့တစ်ယောက်တည်း

ဟို ဝူး ဟိုး ဟို ဟိုးးး

အတွေးများနဲ့

ချာချာလည်

ငါ ဆိုက်ကိုဖောက်တာ

အခါခါပဲ

မတွေ့ရတဲ့ရက်တွေဆို

အချိန်တွေကုန်တာ

အရမ်းကိုကြာပါတယ်

တစ်ခါတစ်လေ

ငါကစိတ်ဆိုးပြောတဲ့

စကားတွေကို

စာနာပါကွယ်

အရာရာစိတ်ပူ

တဖွဖွဆုံးမ

သူ့စကားများစွာ သာယာမြဲ

ကျေးဇူးတင်စရာတွေက

များတယ်

ဖြေရှင်းရခက်တဲ့ ကြားထဲ

မဆိုင်တဲ့

ဘေးလူစကားတွေကို

သိပ်ပြီးတော့ အာရုံမထားနဲ့

သွက်လက်စွာနေတဲ့ငါ့ကို

အပြစ်ပြော

ဒီ့အတွက် မှားချင်မှားမယ်

ဘယ်သူနဲ့မှ

မဖောက်ပြားခဲ့တာ

သစ္စာတရားပဲ

ဟုတ်တယ်

ထက်ထက်က

ဆတ်ဆတ်ကြဲ

ဒါပေမယ့် ရှုပ်ရှုပ်ရှက်ရှက်

ဘယ်သူနဲ့မှလည်း

မပတ်သက်ခဲ့ ဒါတောင်

မအပ်စပ်တဲ့

စွပ်စွဲချက်တွေနဲ့စကားကို

ကပ်ကပ်သတ်သတ်အမြဲ

အဆက်မပြတ်ပြောပြီး

ရစ်ချက်က

ပက်ပက်စက်စက်ပဲဆိုတော့

ငါလည်း

တစ်ချက်တစ်ချက်တော့

ဒေါသထွက်တတ်တယ်

ငါက

သူ့အတွက်

စိတ်ရှုပ်စရာတွေကိုပဲ

ယူလာခဲ့သူလား

ငါက သူ့ကိုမစွန့်လွှတ်နိုင်လို့

အတ္တကြီးခဲ့မိသူပါ

ငါက

သူ့အတွက်

စိတ်အနှောင့်ယှက်

်ဖြစ်စေမယ့်လူလား

ငါက

ဘယ်တော့မှမပြောင်းလဲပဲနဲ့

ချစ်နေမယ့်သူပါ

ယုံကြည်နေလိုက်

ဒီကမ္ဘာမြေ၌

ငါ့ရင်မှာ

မင်းတစ်ယောက်ကလွဲရင်

ကြင်နာမှုများ

မရှိဘူး သစ္စာရည်စူး

ယုံကြည်နေလိုက်ပါ

မင်းနဲ့တွေ့နေစဉ်

အခိုက်မှာ အို ၀ို

အရင်တိုင်းပဲ

စိတ်မှာလစ်ဟာမနေဘူး

ယုံကြည်နေလိုက်ပါ

ငါကျေးဇူးတင်လိုက်တာ

အို ၀ို

မင်းနဲ့တွေ့ဆုံခွင့်ရလို့

အိုးးးး ၀ို ၀ိုးးးဝူဝိုးးး

တွေ့ဆုံခွင့်ရလို့

အိုးးးဝို ဟိုးးးးဟိုး

More From Bobby Soxer

See alllogo