Song - သတိထား
Composer - Htet Hlyam Hmue
Vocalist - Cherry Thin
Music - Mikhel Shine Beatz
Mixing - Ye Thu
အချဉ်မဟုတ်ဘူး မယုံတော့ဘူး
ဆင်ခြေတွေ လာမပေးနဲ့
ခြံခုန်နွား တစ်ခါခုန်ဖူးရင်
ထပ်ခုန်ဖို့ ဝန်မလေးဘူး
အမှိုက်ပုံး မဟုတ်ဘူး
သူများအကြွင်းကြံ ငါမသုံးဘူး
ပျော်တော်ဆက် ဂျိုကာတစ်ကဒ်လို
လိုမှတွဲဖို့လာရင် သွားလိုက်
ကိုင်းကြီးကြီးမှာ နားလိုက်
မိုးကြိုးပစ် ကျားကိုက်သလို
လိမ်ဖို့အတွက် အကွက်တွေရွှေ့မင်းကြိမ်ပြောခဲ့
စကားတစ်လုံးကို ဓားတုံးအောင်
လျှာရိုးမရှိတိုင်းနင်ပြော
ကောက်ရိုးမီးလို မင်းအချစ်တွေ
ဝုန်းခနဲထလောင် ပြာဖြစ်သွားရော
ကြားဖူးတယ် မဟုတ်လား
မင်းတစ်ပါးမှာသစ္စာ လူမှာကတိပါ
မင်းရဲ့တန်ဖိုးဟာ မင်းရုပ်ရည်မဟုတ်ပါ
မင်းစာရိတ္တ မင်းကံကြီးထိုက်လိမ့်မယ်
အဲ့လိုအချစ်ကို မကစားနဲ့
ခေါင်းဆယ်လုံး ဒဿဘီလူးတောင်
မင်းလောက်မျက်နှာမများ
အရမ်းလည်တဲ့ဘီးက တစ်နေ့မှာ
ချေးထိတတ်တယ် သတိထား
မင်းတန်ဖိုးထားပြီးချစ်တဲ့တစ်နေ့
နောင်တ နောင်မှရမယ်
အိုင်တွေ့တိုင်း ခြေဝင်ဆေး
နင်လိုလူ ငါမလွမ်းဘူး
ခြံခုန်နွား တစ်ခါခုန်ဖူးရင်
ထပ်ခုန်ဖို့ ဝန်မလေးဘူး
သူငယ်တန်း မဟုတ်ဘူး
ပုံပြင်တွေ မခုန်မင်တော့ဘူး
ဖြူစင်တဲ့ ဒီလူအချစ်ကို
အရောင်များ အစွန်းထင်းမခံချင်
သွားလိုက် ကိုင်းကြီးကြီးမှာနားလိုက်
မိုးကြိုးပစ် ကျားကိုက်သလို
လိမ်ဖို့အတွက် အကွက်တွေရွှေ့မင်းကြိမ်ပြောခဲ့
စကားတစ်လုံးကို ဓားတုံးအောင်
လျှာရိုးမရှိတိုင်းနင်ပြော
ကောက်ရိုးမီးလို မင်းအချစ်တွေ
ဝုန်းခနဲထလောင် ပြာဖြစ်သွားရော
ကြားဖူးတယ်မဟုတ်လား
မင်းတစ်ပါးမှာသစ္စာ လူမှာကတိပါ
မင်းရဲ့တန်ဖိုးဟာ မင်းရုပ်ရည်မဟုတ်ပါ
မင်းစာရိတ္တ မင်းကံကြီးထိုက်လိမ့်မယ်
အဲ့လိုအချစ်ကို မကစားနဲ့
ခေါင်းဆယ်လုံး ဒဿဘီလူးတောင်
မင်းလောက်မျက်နှာမများ
အရမ်းလည်တဲ့ဘီးက တစ်နေ့မှာ
ချေးထိတတ်တယ် သတိထား
မင်းတန်ဖိုးထားပြီးချစ်တဲ့ တစ်နေ့
နောင်တ နောင်မှရမယ်
မင်းကံကြီးထိုက်လိမ့်မယ်
အဲ့လိုအချစ်ကို မကစားနဲ့
ခေါင်းဆယ်လုံး ဒဿဘီလူးတောင်
မင်းလောက်မျက်နှာမများ
အရမ်းလည်တဲ့ဘီးက တစ်နေ့မှာ
ချေးထိတတ်တယ် သတိထား
မင်းတန်ဖိုးထားပြီးချစ်တဲ့တစ်နေ့
နောင်တ နောင်မှရမယ်