menu-iconlogo
huatong
huatong
avatar

တမာလမ်းကိုပြန်ခဲ့ပါ

စိုးစန္ဒာထွန်းhuatong
ကွီးကျော်🦅🅱🅴🅵🦅huatong
Lyrics
Recordings
တမာလမ်းကိုပြန်ခဲ့ပါ

စိုးစန္ဒာထွန်း

နှစ်ပြောင်းလရှည် ကြာခဲ့ပီမောင်ရေ

ငယ်ကကျွမ်းလို့လည်း လွမ်းရ ပါတယ်လေ..

ဒါကြောင့်သာပဲ မောင်နဲ့နှစ်ယောက်သားတွေ့ရာ

အညာက တမာလမ်း ကလေးတွေ..

မောင်ရေ မောင်ရေ....

ပြေးကြည့်မိလေတော့ တမာတွေ ဆယ်ကြိမ်ဖူး

နှစ်ဦးခွဲခွာ ဆယ်လီနှစ်များ

ကြာခဲ့ပြီ မောင်ရေ....

တမာတောမှာ ပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲခြားခြား ပြောပါ မောင်ရေ...

တမာတောမှာ ပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲခြားခြား ပြောပါ မောင်ရေ....

ရွှေစည်းခုံ စေတီအပါးမှာ

မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ

တူစုံယှဉ်လျှက် လှူချင်ပါတယ်လေ

ဤဆုခြွေထား တောင်းတိုင်းပြည့်စေသားလို့

မြတ်ဘုရားထံ ဆုပန်ဆုပန်ချွေ

မောင့်အပေါ် ထားတဲ့ မေတ္တာတွေ

တမာတောမှာ ရွာသည့်မိုးနှယ်

မေတ္တာ မိုးပြေး ..မဟုတ်ပါ မောင်ရေ

ချစ်မိုးအုံ့ပြန့် တားမတက်အောင်

ရွာသည့်အလား မောင့်အသည်းပြင်ဝယ်..

ချစ်မိုး စွေချင်ပါပေ....

မောင်ပြန်လာမဲ့ရက်တွေ ချိုးရေတွက်သော်

တွက်သည့်ရက်များ ...အခက်သားရှင်ရေ..

မြောက်လေပြည်ညှင်းပါလို့

နှင်းပွင့်ကို....ခြွေ....

ရွှေ..မင်း..၀ံ..ဟိုတောင်ရိုးဆီက

သစ္စာထားခဲ့ကြတဲ့

လွမ်းစေတီကိုလေ ဆောင်းညတိုင်းသတိရနေ

သဇင်တွေ ပွင့်ပီမောင်ရေ

မောင်ပြန်ချိန်ဖြင့်

သင့်ပြီထင်တယ်လေ......

မြောက်လေပြည်ညှင်းပါလို့

နှင်းပွင့်ကို....ခြွေ....

ရွှေ..မင်း..၀ံ..ဟိုတောင်ရိုးဆီက

သစ္စာထားခဲ့ကြတဲ့

လွမ်းစေတီကိုလေ ဆောင်းညတိုင်းသတိရနေ

သဇင်တွေ ပွင့်ပီမောင်ရေ

မောင်ပြန်ချိန်ဖြင့်

သင့်ပြီထင်တယ်လေ......

တမာတောမှာ ပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ..

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲခြားခြား ပြောပါ မောင်ရေ..

တမာတောမှာ ပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲခြားခြား ပြောပါ မောင်ရေ.....

ရွှေစည်းခုံ စေတီအပါးမှာ

မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ

တူစုံယှဉ်လျှက် လှူချင်ပါတယ်လေ

ဤဆုခြွေထား တောင်းတိုင်းပြည့်စေသားလို့...

မြတ်ဘုရားထံ.. ဆုပန်ဆုပန်ခြွေ.......

သက်ဆိုင်သူများအားလုံးကို

ဘလက်အီးဂဲလ်

More From စိုးစန္ဒာထွန်း

See alllogo
တမာလမ်းကိုပြန်ခဲ့ပါ by စိုးစန္ဒာထွန်း - Lyrics & Covers