သီချင်း - တို့မဝေးဘူး
တေးဆို - စည်သူလွင် + ဆုန်သင်းပါရ်
ရင်ခုန်သံများ...
ချိုမြိန်အောင် ဖန်ဆင်းပေးသူရယ်
နေချင်တယ် သူ့အနားမှာ
ထာဝစဉ်ပဲပေါ့ကွယ်
ကြယ်တာရာများ...
ကမ္ဘာမြေကို သူအလင်းပေးသလို
ကိုယ်က ချစ်ခဲ့လို့...
ယုံကြည်တယ် ကျေးဇူးချစ်သူရယ်...
ဘယ်သူလာပြီး ခွဲမလဲ
ဒီမှာတို့အတွက် မင်းကရှိတယ်
ကိုယ် မင်းရဲ့ရှေ့ကရှိမယ်
ခိုင်မြဲတဲ့အချစ်များနဲ့....
အတူဆုံမယ်နော် အိပ်မက်ထဲလည်း
ဘယ်တော့မှ မခွဲဘူးအချစ်ရယ်
တို့အမြဲတမ်း အနားမှာရှိနေမယ်
တို့မဝေးဘူး ယုံတယ် ...
ကိုယ်ယုံကြည်ရာလမ်း...
တာဝန်တွေကို ဝေမျှထမ်းဆောင်လို့
ပျော်ရွှင်စွာ တို့ခရီးဆက်
ကာကွယ်မယ် တို့အချစ်အတွက်
ပင်လယ်ပြင်မုန်တိုင်း... ဟူး ဟူး ဟူး
ရင်ဆိုင်နိုင်ပါတယ် မင်းအတွက်ပဲ
ကိုယ်အသက်ရှင်ဖို့ပေါ့
ဟုတ်ရဲ့လား... ဒါဆို စိတ်ချလိုက်ပြီကွယ်
ဘယ်သူတွေလာပြီး ခွဲမလဲ
ဒီမှာတို့အတွက် မင်းကရှိတယ်
ကိုယ် မင်းရဲ့ရှေ့ကရှိမယ်
အားလုံး မေ့ထားလိုက်.....
အတူဆုံမယ်နော် အိပ်မက်ထဲလည်း
ဘယ်တော့မှ မမေ့ဘူးအချစ်ရယ်
တို့အမြဲတမ်း အနားမှာရှိနေမယ်
တို့မဝေးဘူး ယုံတယ် ...
ကိုယ့်ဘဝကို...
မင်းအတွက် ပေးထားတယ်
ဘာတွေလိုအပ်လဲ ပြောကွယ်
အမြဲတမ်းပဲ မင်းအနားရှိရင်တော့
အို ဘာလိုဦးမှာလဲ....
ဘယ်သူတွေလာပြီး ခွဲမလဲ
ဒီမှာတို့အတွက် မင်းကရှိတယ်
ကိုယ် မင်းရဲ့ရှေ့ကရှိမယ်
ခိုင်မြဲတဲ့ အချစ်များနဲ့ .....
အတူဆုံမယ်နော် အိပ်မက်ထဲလည်း
ဘယ်တော့မှ မမေ့ဘူးအချစ်ရယ်
တို့အမြဲတမ်း အနားမှာရှိနေမယ်
ဘာလိုသေးလို့လဲ....
ဒီမှာတို့အတွက် မင်းကရှိတယ်
ကိုယ်မင်းရဲ့ရှေ့က ရှိနေမယ်...
တို့မဝေးဘူး ... ဟူး ...
မလိုပါဘူး တို့မဝေးဘူး ယုံတယ်...
တို့နှစ်ယောက်ကို
ဘယ်လို သွေးခွဲမလဲ......