သီချင်း - ခိုးပြီးချစ်
တေးဆို - D-VISION
Zeta
တစ်ဖက်သတ်အချစ်က ဖြူစင်ပေမယ့်
ရင်မှာနာကျင်တယ် ဘယ်လိုမှမဖြစ်နိုင်ပေမယ့်
မင်းရင်ခွင်ထဲလာချင်တယ်
ကြာလာတော့ဒီရင်မှာပိုဆိုးရွား
မင်းမရှိတဲ့နေ့တွေဆို ပုံရိပ်တွေက
ဝိုးတဝါးနဲ့ သူငယ်ချင်းဆိုတဲ့စည်းက
ကြားထဲမှာ ခြားနေပြီးသားမို့
ငါရှေ့ဆက်တိုးဖို့အားတွေမရှိပါ
မင်းမှာလည်းမင်းချစ်သူနဲ့
မင်းဘဝမှာပျော်နေပြီပဲ
အချစ်ဆိုတဲ့အရာကို
တစ်ခါတစ်လေမျှော်နေမိတယ်
ခိုးခိုးပြီးချစ်ရတဲ့ခံစားချက်က
ကိုယ့်ကိုကိုယ်ပြန်ပြီးသတ်တဲ့
ဓားတစ်လက်ပဲ ဒါတွေကိုမင်းလေးမသိတော့
တအားခက်တယ် ပျော်ရွှင်မှုကိုမင်းပဲယူ
နာကျင်မှုကငါ့အတွက်ပဲ
နွေမိုးတွေဆောင်းလဲ မင်းအပေါ်ထားတဲ့
ငါ့အချစ်ကမပြောင်းလဲပါ ကြာကူလီလုပ်တယ်လို့
နင်ထင်မှာကိုလည်းကြောက်တယ်
အလွမ်းတွေကိုပွေ့ဖက်ပြီး ငါစောင့်နေပါ့မယ်
နင်နဲ့နင့်ဘဲနဲ့ လုံးဝကိုပြတ်တဲ့အထိ
မျှော်လင့်ချက်မရှိပဲ ချစ်နေဖို့ဆိုတာ
လွယ်တယ်ထင်လား Ohh ခံစားချက်ကိုမြိုသိပ်ပြီး
ဥပေက္ခာပြုဖို့လွယ်တယ်ထင်လား ပြောပါ
ခိုးခိုးပြီးချစ်နေမယ် နင်အနားငါမရှိပေမယ့်
အနိုင်ယူထားတဲ့မင်းပုံရိပ်များကြား
ရုန်းထွက်နိုင်စွမ်းလည်း ငါမရှိတော့ပါ oh no!
အခုပြောမဲ့ဇာတ်လမ်းထဲမှာ
နင့်ကိုချစ်တဲ့အကြောင်းတွေပြောပြီးတော့
ငါ့မှာဖြတ်သန်းခဲ့တာ သူငယ်ချင်းတွေပြောတယ်
ငါ့ကိုရပ်တန်းကရပ်ပါ သူ့ရဲ့လက်တစ်ကမ်းထဲမှ
ာတစ်ခြားကောင်ရှိလဲငါကလက်မလျော့
ဆက်လှမ်းဆဲပါ အချစ်သီချင်းထောင်တိုင်း
မင်းကိုအစားထိုးနားထောင်တဲ့သူပါ
ခိုင်မာတဲ့အချစ်ပဲခြူခြာတာတွေမရှိပဲ
နင့်ရဲ့မူယာ မာယာနဲ့ဘးက
မိတ်ကပ်ကြိုက်တဲ့ကောင်တဲ့မတူတာ
ဘာဖြစ်ဖြစ်မဆူပါ အနစ်နာခံပြီး
နင့်ကိုချစ်မဲ့သူပါ အိပ်ရေးပျက်မယ်
take care စောစောအိပ်ပြီးစောစောထပါ
စိတ်ကူးလေးထဲမှာ နင်ကဘယ်
အချိန်ကြည့်ကြည့်ချောမောလှပ
နင့်ရဲ့ဘေးမှာလိမ်ညာစကားတွေမျိုး
ဖောရှောများသာ ပေါ့ပေါ့ပါးပါး
ရင်ခုန်သံတွေကပြောတော့ခဏတာမဟုတ်ဘူးနော်
တစ်သက်လုံးချစ်မှာ နင်က
အဆုံးထိပစ်ပယ်ထားလဲ မသိဘူး
ဂရုမစိုက်ပဲ နင့်ကို အမုန်းမရှိချစ်တယ်
အသည်းတွေတစ်ဆက်ဆက်တုန်ပြီးချစ်တာ
ရင်ဘတ်ထဲကတစ်မျိုးကြီးဖြစ်တယ်
အသားကိုဖောက်ပြီး အရိုးထိအမြစ်တွယ်
နင့်ကိုအဝေးကနေခိုးပြီးချစ်မယ်
မျှော်လင့်ချက်မရှိပဲ ချစ်နေဖို့ဆိုတာ
လွယ်တယ်ထင်လား Ohh
ခံစားချက်ကိုမြိုသိပ်ပြီး
ဥပေက္ခာပြုဖို့လွယ်တယ်ထင်လား
ပြောပါ ခိုးခိုးပြီးချစ်နေမယ်
နင်အနားငါမရှိပေမယ့်
အနိုင်ယူထားတဲ့မင်းပုံရိပ်များကြား
ရုန်းထွက်နိုင်စွမ်းလည်း ငါမရှိတော့ပါ oh no!
နင့်မှာမွေးကတည်းကပိုင်ဆိုင်ထားတဲ့
Mona Lisa အပြုံးတွေ သမင်မျက်လုံးနဲ့ ပြီးတော့
စင်ယော်တောင် မျက်ခုံးတွေနဲ့ပြည့်စုံတဲ့နင့်ကို
ဥမ္မာဒန္တီတောင်မီအရှုံးပေး
အဲ့ထက်ပိုတင်စားရရင်ငါ့ရဲ့အသည်းနှလုံးလေး
မင်းနဲ့တွေ့လိုက်ကတည်းက
နှလုံးသားတစ်ခုလုံးနွေးထွေးသွားတယ်
ချစ်စရာအပြောနဲ့ကလေးမလေးကြောင့်
နွေးထွေးသွားတယ် မင်းရဲ့စိတ်နဲ့
သွေးသားတစ်ခုလုံးလည်ပတ်
သက်ဆုံးတိုင်ခိုးပြီးချစ်မယ်ဆိုတဲ့စိတ်နဲ့
နေ့တိုင်းညတိုင်းငါ့မှာတစ်ကယ်ခက်တယ်
မျှော်လင့်ချက်မရှိပဲ ချစ်နေဖို့ဆိုတာ
လွယ်တယ်ထင်လား Ohh
ခံစားချက်ကိုမြိုသိပ်ပြီး ဥပေက္ခာပြုဖို့လွယ်တယ်ထင်လား
ပြောပါ ခိုးခိုးပြီးချစ်နေမယ်
နင်အနားငါမရှိပေမယ့်
အနိုင်ယူထားတဲ့မင်းပုံရိပ်များကြား
ရုန်းထွက်နိုင်စွမ်းလည်း ငါမရှိတော့ပါ oh no!