menu-iconlogo
huatong
huatong
david-lai-yangon-cover-image

Yangon

David Laihuatong
Uploaded by mstiger2525
ဒီလမ်းမထက် ငါလျှောက်ရမယ်

စိန်ခေါ်ပြီးတော့ ရုန်းကန်အသက်ရှင်ရတယ်

ငါရင်းနှီးတဲ့ လူတိုင်းလည်းပဲ

တကယ် ငါဒုက္ခရောက်ရင် ပစ်ပယ်ကြတယ်

ဘယ်လိုလဲ မြို့ပြဆိုတာလည်း

မာယာကြီးပဲ ငါ့အတွက်

အားလုံး အတုယောင်တွေသာများတယ်

ရန်ကုန်မြို့ရယ် ငါအဆင်မပြေဘူးကွယ်

ဒီမှာတစ်ယောက်တည်း ငါမွန်းကြပ်လွန်းတယ်

ကယ်သူမရှိခဲ့

ငါဆိုင်သူမဲ့တယ်

ဒီရဲ့လမ်းမထက် အားတင်းထားတော့မယ်

အရာမထင် လဲကျ ပင်ပန်းခဲ့သမျှ

ဖြူစင်ရိုးသားခြင်းက အလုပ်မဖြစ်ဘူးလား

ယုံကြည်ထားသမျှ ပျက်စီးသွားလား

ဒီတစ်ခါ ရှုံးနိမ့်ခြင်းက အဆုံးသတ်များလား

ဘယ်လိုလဲ မြို့ပြဆိုတာလည်း

မာယာကြီးပဲ ငါ့အတွက်

အားလုံး အတုယောင်တွေသာများတယ်

ရန်ကုန်မြို့ရယ် ငါအဆင်မပြေဘူးကွယ်

ဒီမှာတစ်ယောက်တည်း ငါမွန်းကြပ်လွန်းတယ်

ကယ်သူမရှိခဲ့

ငါဆိုင်သူမဲ့တယ်

ဒီရဲ့လမ်းမထက် အားတင်းထားပါတယ်

ငါယုံကြည်ထားတဲ့ အောင်မြင်ခြင်းလည်း

အထပ်ထပ်ငါကြိုးစားတောင် ဘာကြောင့် ငါမရခဲ့တာလဲ

ရန်ကုန်မြို့ရယ် ငါအဆင်မပြေဘူးကွယ်

ဒီမှာတစ်ယောက်တည်း ငါမွန်းကြပ်လွန်းတယ်

ကယ်သူမရှိခဲ့

ငါဆိုင်သူမဲ့လည်း

ဒီရဲ့လမ်းမထက် အားတင်းထား

ဒီရဲ့လမ်းမထက် အားတင်းထားပါတယ်

အိုး

Popular Covers

You May Like

View morelogo

Related Playlists

View morelogo