သီချင်း - မီးနဲ့ရေ
တေးဆို - ထွန်းအိန္ဒြာဗိုလ်
သူယူလာတဲ့အချစ်တွေက
မီးနဲ့ရေအလွန်ထွေပြား
ကြိုက်တဲ့ကြိုက်တဲ့အချစ်
ရွေးဦးရွေးဦး
မီးနဲ့ရေ
ကိုယ်ဘာကိုရွေးမလဲ
ရေနဲ့မီးကြားမှာ
နှလုံးသားလေးကမဆုံးဖြတ်ရဲဘူး
ဆုံးဖြတ်ရဲရဲဆုံးဖြတ်
မီးနဲ့ရေ
ကိုယ်ဘာမှမရွေးရဲ
တော်ပြီ
ဟိုလိုလိုဒီလိုလိုမင်းမလုပ်နဲ့
နာကျင်တာတွေကြင်နာတာတွေ
ဘာညာတွေလာမပြောနဲ့
ဒီမှာဒီမှာချစ်မိတဲ့သူပါ
ကဲကြိုက်နှစ်သက်တဲ့အချစ်ရွေးဦး
ဘာကိုလဲသေချာလေးရွေးဦး
အလွန်ကိုပူပြင်းတောက်လောင်တဲ့
သူ့အချစ်မီးများစွာနဲ့ကြင်နာမလား
တကယ်ကိုပြာဖြစ်လောက်အောင်
ချစ်ပစ်လိုက်မယ်တဲ့
ကိုယ်ဒီလိုမျိုးမချစ်ဝံ့ပါကွယ်
မင်းအသည်းလေးအရည်ပျော်အောင်
ငါမီးတိုက်ပစ်လိုက်မယ်
အရည်ပျော်ရင်ငါလိုရာပုံသွင်းလိုက်မှာပဲ
အပူဒီဂရီမြင့်မားငါ့အချစ်များ
မီးနဲ့ရေ
ကိုယ်ဘာကိုရွေးမလဲ
ရေနဲ့မီးကြားမှာ
နှလုံးသားလေးကမဆုံးဖြတ်ရဲဘူး
ဆုံးဖြတ်ရဲရဲဆုံးဖြတ်
မီးနဲ့ရေ
ကိုယ်ဘာမှမရွေးရဲ
တော်ပြီ
မင်းအခုမှအူကြောင်ကြောင်မလုပ်နဲ့
နာကျင်တာတွေကြင်နာတာတွေ
ဘာညာတွေလာမပြောနဲ့
ဒီမှာဒီမှာချစ်မိတဲ့သူပါ
ကဲကြိုက်နှစ်သက်တဲ့အချစ်ရွေးဦး
ဘာကိုလဲသေချာလေးရွေးဦး
ပင်လယ်ပြာပြာရေလှိုင်းလား
အတိုင်းအဆမဲ့အကြင်နာအချစ်မျိုးနဲ့
ကြင်နာမလား
ပင်လယ်လိုအချစ်မျိုး
ရေငံတွေသောက်လို့ငတ်မပြေနိုင်
ငါ့အချစ်ရဲ့ပင်လယ်
နက်ရှိုင်းလွန်းလှပပါတယ်
ပင်လယ်ပြင်မှာပုံပြင်တွေလည်းရှိနေတယ်
ရေပြာပြာပင်လယ်ရဲ့နှလုံးအိမ်ထဲ
မီးနဲ့ရေ
ကိုယ်ဘာကိုရွေးမလဲ
ရေနဲ့မီးကြားမှာ
နှလုံးသားလေးကမဆုံးဖြတ်ရဲဘူး
မီးနဲ့ရေ
ကိုယ်ဘာမှမရွေးရဲ
တော်ပြီ
နာကျင်တာတွေဘာညာတာတွေလာမပြောနဲ့
ကြင်နာတာတွေရင်နာတွေလာမပြောနဲ့
ကြင်နာတာတွေဘာညာတွေလာမပြောနဲ့
နာကျင်တာတွေဘာညာတာတွေလာမပြောနဲ့
မီးနဲ့ရေ
ကိုယ်ဘာကိုရွေးမလဲ
ရေနဲ့မီးကြားမှာ
နှလုံးသားလေးကမဆုံးဖြတ်ရဲဘူး
ဆုံးဖြတ်ရဲရဲဆုံးဖြတ်
မီးနဲ့ရေ
ကိုယ်ဘာမှမတွေးရဲ
တော်ပြီ
ကြိုက်နှစ်သက်တဲ့အချစ်ရွေးဦး
မီးနဲ့ရေ
ကိုယ်ဘာကိုရွေးမလဲ
ရေနဲ့မီးကြားမှာ
နှလုံးသားလေးကမဆုံးဖြတ်ရဲဘူး
မီးနဲ့ရေ
ကိုယ်ဘာမှမရွေးရဲ
တော်ပြီ