မောင်ရွှေရိုး
G လူပျက်ကလေးမောင်ရွှေရိုး
B ဗျာ ဗျ
G တစ်ကယ်ပဲသူမရိုး
B ရိုးပါတယ်ဗျာ့
G အနားမကပ်နဲ့ပြောထားရက်နဲ့
တိတ်တခိုးနဲ့သူကကြိတ်ပိုး
B ဟန်မဆောင်တက်လို့ပါ
G လူရှေ့ကျသူ့အချိုးကတစ်မျိုး
B ချစ်လို့ပါဗျ
G ဆိုး ဆိုး လူပျက်ကလေးမောင်ရွှေရိုးးး.
.လူပျက်ကလေးမောင်ရွှေရိုး
B ပြောလေ
G တစ်ကယ်ပဲသူမရိုး
B ရိုးပါတယ်ဗျာ့
G အနားမကပ်နဲ့ပြောထားရက်နဲ့
တိတ်တခိုးနဲ့သူကကြိတ်ပိုး
B တစ်ကယ်ချစ်လို့ တစ်ကယ်ချစ်လို့
G လူရှေ့ကျသူ့အချိုးကတစ်မျိုး
B ချစ်လို့ပါလို့ပြောနေမှ
G ဆိုး ဆိုး လူပျက်ကလေးမောင်ရွှေရိုး
B မင်းသမီးကိုပိုးရတာနှစ်လတာရှည်ကြာ
ရင်ထဲတသသအုံ့ပုန်းလေးဘဝ
ရွှေမင်းသမီးရယ်ဗျာ
G မယုံပါဘူး
B မချစ်ဘဲလည်းမနေနိုင်ပါ
မကြိုက်ဘဲလည်းမနေနိုင်ပါ
G ဟော တော့ပြောလေကဲလေပါလား
B ရွှေမင်းသမီးရာလူပျက်ကလေးလည်း
ရင်မှာအသည်းနဲ့ပါ
G မောင်ရွှေရိုးတစ်ယောက်အတွက်
အကြံခက်နေပြန်ရာ
B မခက်ပါဘူးဗျာ
G တော်ရာတန်ရာမမှန်းလို့ကြေကွဲနေမယ်ဆရာ
B လူပျက်ကလေးတစ်ယောက်မို့
မလိုက်လျောချင်နေပါ
G ဟင် မုန်းစရာကြီး
B ဘယ်လိုထင်ထင်ချစ်မဲ့ဆယ်သက်ဆယ်ကမ္ဘာ
G ရွှေရိုးကလေးလာမရှုပ်နဲ့ကွာ
မင်းသမီးမို့အားနာပါ
B ချစ်လွန်းလို့ပါဗျာ
G လူရွှင်တော်မျက်ရည်ကျရင်
ကြည့်မကောင်းဘူး ဆရာ ဆရာ ဆရာ
B ကျွန်တော်ရည်ရွယ်ချက်အလွန်ကြီးမားလို့
မရဘူးချစ်မှာပဲ
G အဲ့ဒါဘာလုပ်ရမလဲ
B တိုက်နဲ့ကားယူမလား
G မလိုပါဘူး
B မင်းသမီးလေးအလိုကျ
G မလိုပါဘူးဆို
B ပြော ပြေ ပြောစမ်းပါခင်ဗျာ့
G လူပျက်ကလေးမောင်ရွှေရိုး
B ဗျာ ဗျာ့
G လူပျက်ကလေးမောင်ရွှေရိုး
ယုံတမ်းစကားတွေလာပြီးပြောမနေနဲ့
B ဒါဆိုရင်ဘယ်လိုပြောရမှာတုံး
G တော်ရုံတန်ရုံကြွားလေတွေတော်တော်ထွား
B မကြွားပါဘူးဗျာ တကယ်ပြောတာ
G မင်းကလေးကလူပျက်ကလေး
B ဟုတ်တယ်လေ
G မင်းကလေးကလူပျက်ကလေး
B မှန်ပါ့ဗျာ
G မောင်ရွှေရိုး မောင်ရွှေရိုး
မယုံဘူး မယုံဘူး မောင်ရွှေရိုး
B ကျွန်တော့်ရည်ရွယ်ချက်
အလွန်ကြီးမားလို့မရဘူးချစ်မှာပဲ
G အဲ့ဒါဘာလုပ်ရမှာလဲ
B တိုက်နဲ့ကားယူမလား
G မလိုပါဘူး
B မင်းသမီးလေးအလိုကျ
G မလိုပါဘူးဆို
B ပြောပြောပြောစမ်းပါခင်ဗျာ့
G လူပျက်ကလေးမောင်ရွှေရိုး
B ဗျာ ဗျာ့
G လူပျက်ကလေးမောင်ရွှေရိုး
B ဗျာ ဗျာ့
G ယုံတမ်းစကားတွေလာပြီးပြောမနေနဲ့
B ဟာ ဟ ဟား ဒါဆိုဘယ်လိုပြောရမလဲ
G တော်ရုံတန်ရုံကြွား လေတွေတော်တော်ထွား
B မကြွားပါဘူးဗျာ တစ်ကယ်ပြောတာ
G မင်းကလေးကလူပျက်ကလေး
B ဟုတ်တယ်လေ
G မင်းကလေးကလူပျက်ကလေး
B ဟာ ဟာ မှန်ပါ့ဗျာ
G မောင်ရွှေရိုး မောင်ရွှေရိုး
မယုံဘူး မယုံဘူး မောင်ရွှေရိုး
B တယ်ခက်ပါလားကွာ
သံယောဇဉ်ကြီးတယ်ထားကညာရယ်
G ဟင်း ဟင်း ရယ်စရာကြီး
B ရွှေမေတ္တာထားကာသနားပါကွယ်
G ရှင်လွန်ပြီနော်
B သံယောဇဉ်ကြီးတယ်ထားကညာရယ်
ရွှေမေတ္တာထားကာသနားပါကွယ်
G မသနားပါဘူး
B မင်းးသမီးကိုမချစ်ရရင်ရင်ထဲမှာဟာသလိုပင်
ကျွန်တော်ရွှေရိုးကျန်ရစ်မဖြစ်ချင်
ချစ်မယ် ချစ်မယ် ချစ်မယ် ထာဝစဉ်
မင်းသမီးနဲ့မောင်ရွှေရိုးအဆုံးမသတ်တဲ့
ချစ်ပုံပြင်နှလုံးသားရေးဆွေးနွေးဖို့ရာ
အငြိမ့်ဇာတ်ခုံပေါ်တွင်ရွှေပွဲလာများအတွက်
မမောမပန်းတမ်းကိုကမှာပင်
ရွှေမင်းသမီးရယ်
ရွှေရိုးကလေးရယ်
ထာဝရမခွဲတမ်း
ရှိ . နေ . ပါ .မယ်. အ.စဉ်
THANK ALL