သင်ခန်းစာ ၁၀၁
What ကောင်းမြတ်
ကောင်းမြတ် ကောင်းမြတ်
ဝိုး..ဝိုး..
What ကောင်းမြတ်
ကောင်းမြတ် ကောင်းမြတ်
အမှတ်တမဲ့
တွေ့လိုက်ရတဲ့ တရက်တာဟာ
ငါ့အတွက်
ရင်ခုန်သံတွေ မြန်စေတာ
အရမ်းပဲ
များလွန်းကြတဲ့ ခေတ်ထဲမှာ
အဆန်းပဲ
ဖြူဖြူစင်စင်ဟန်တွေဟာ
မြင်နိုင်အောင် အခုအခါ
လူ့ဘောင်မှာ ရှားနေလို့
ဟန်ဆောင်တာလေးတွေကြား
အတုအယောင်သာများနေလို့
ဒီရင်ကစကားတွေကို
သူ့ရင်ခွင်မှာကြားစေဖို့
ဒီသီချင်းနဲ့ပို့လိုက်ပီ
ခင်မင်တာတွေ ပွားစေဖို့
ဒီရင်မှာမခံနိုင်
စိတ်တွေက မခိုင်တခိုင်
တိမ်စိုင်တွေကိုငေး
မိန်းမောပီးထိုင်
သူလာမယ် ဒီလမ်း
စိတ်က သိသည့်တိုင်
မျှော်ကာမှိုင်
မထနိုင် မနားနိုင်
ဒီလိုနဲ့ နောက်တရက်မှာ
ရင်းနှီးတာတွေ အစပြုလာ
အစပြုကာ သိလိုက်ရတာ
ထင်ထားတာက မမှားဘူးဆရာ
ဘဝတစ်ခုမှာ လိုအပ်တာက
စိတ်ဓါတ်ဆိုတာ ကြားဖူးလား
ကြားဖူးရင် သိရင်ပီးရော
ထင်ထားတာက မမှားဘူးဆရာ
အရာရာကို နားလည်တတ်တယ်
စိတ်ထားလေးကဖော်ရွေတယ်
ဖျော်ဖြေတဲ့စကားတွေတတ်တယ်
ထင်ထားတာထက် ကျော်နေတယ်
နှုတ်ခမ်းလေးက ထော်နေတယ်
ဒါပေမဲ့ ငါပျော်နေတယ်
ဒီရင်ခွင်မှာလည်း
သူ့နာမည်ကို အော်နေတယ်
ဒီရင်မှာမခံနိုင်
စိတ်တွေက မခိုင်တခိုင်
တိမ်စိုင်တွေကိုငေး
မိန်းမောပီးထိုင်
သူလာမယ်ဒီလမ်း
စိတ်ကသိသည့်တိုင်
မျှော်ကာမှိုင်
မထနိုင် မနားနိုင်
ဒါဒါဒါ ဒါဒါ.. ဒါဒါဒါ ဒါဒါ..
ဒါဒါဒါ ဒါဒါ.. ဒါဒါဒါဒါ..
ဒါဒါဒါ ဒါဒါ.. ဒါဒါဒါ ဒါဒါ..
ဒါဒါဒါ.. ဒါဒါ.. ဒါဒါ..
သေသေချာချာချိန်းထားလို့
လမ်းထက်ကို မျှော်ကာငေးနေ
မျှော်ကာငေးနေ နေတုန်းမှာ
စိတ်ထဲ ပေါ်လာ အတွေးတွေ
ပေါ်လာတဲ့အတွေးတွေတိုင်းက
သူ့အကြောင်း ပျော်စရာလေးတွေ
နောက်ပီးတော့ ရင်ခုန်မိတယ်
သူ့နှုတ်ခမ်းထော်
ထော်တာလေးတွေ
ဒါတွေကိုတွေးနေမိတော့
တိမ်တွေထဲမှာ မျောနေသလို
နာရီကို ငေးနေမိတော့
အချိန်တွေ တကယ်စောနေလို့
ဒီရင်ကဇောတွေကို
သက်သက်သာသာလျော့စေဖို့
သွက်သွက်လာပါ စောင့်နေတယ်
စောင့်နေရတာ မောနေလို့
ဒီရင်မှာ မခံနိုင်
စိတ်တွေက မခိုင်တခိုင်
တိမ်စိုင်တွေကိုငေး
မိန်းမောပီးထိုင်
သူလာမယ်ဒီလမ်း
စိတ်ကသိသည့်တိုင်
မျှော်ကာမှိုင်
မထနိုင် မနားနိုင်
ဒီရင်မှာ မခံနိုင်
စိတ်တွေက မခိုင်တခိုင်
တိမ်စိုင်တွေကိုငေး
မိန်းမောပီးထိုင်
သူလာမယ်ဒီလမ်း
စိတ်ကသိသည့်တိုင်
မျှော်ကာမှိုင်
မထနိုင် မနားနိုင်
ဒါဒါဒါ ဒါဒါ.. ဒါ့ဒါဒါ ဒါဒါ..
ဒါဒါဒါ ဒါဒါ.. ဒါဒါဒါဒါ..
ဒါဒါဒါ ဒါဒါ.. ဒါ့ဒါဒါ ဒါဒါ..
ဒါဒါဒါ.. ဒါဒါ.. ဒါဒါ...
ထပ်ဆင့်မျှဝေပါသည်
မူရင်းသက်ဆိုင်သူအားလုံးကို