"လမ်း" (Road) by လေးဖြူ
မင်းနဲ့ငါ့ကြား
နီးလျှက်ဝေးတော့မလား
အဆိပ်ရှိတဲ့ဆူးပင်တွေ
တိုးလို့မပေါက်အောင်စိုက်လို့ထား..
မင်းနဲ့ငါ့ကြား
ပိုင်းကန့်ခြားနားထား
ကူးဖြတ်မရလှိုင်းတန်ပိုးများနဲ့
စီးဆင်းမြစ်ရေများ..
မင်းအချစ်များနဲ့ငါ့အချစ်များလည်း
ဘဝမှာမရေရာဘူး
တို့အချစ်တွေမွန်းကျပ်ရင်းနဲ့
ထွက်ပေါက်များလည်းလိုက်ရှာဆဲ
လမ်း....
လမ်းပျောက်တဲ့နေ့ရက်များ..
လမ်း....
ဘယ်မှာရှာဖွေရမလဲ..
မင်းစိတ်မလျော့နဲ့
လုံးဝမလျော့နဲ့
မင်းစိတ်မပျက်နဲ့
လုံးဝမပျက်နဲ့
မင်းစိတ်မလျော့နဲ့
လုံးဝမလျော့နဲ့
မင်းစိတ်မပျက်နဲ့
လုံးဝမပျက်နဲ့
မင်းနဲ့ငါ့ကြား
တံခါးတစ်ချက်ခြားလို့ထား
မျက်စိနဲ့ကြည့်လို့မတွေ့တဲ့
သော့နဲ့ခတ်ပိတ်ထား
မင်းနဲ့ငါ့ကြားပျောက်ပျက်သွားတဲ့မိနစ်များ
မင်းနဲ့ငါချစ်ခွင့်မရတဲ့နေ့ရက်တို့ရဲ့
ပြက္ဒဒိန်ဟောင်းတွေကြား
လမ်း....
လမ်းပျောက်တဲ့နေ့ရက်များ..
လမ်း....
ဘယ်မှာပြန်တွေ့ရမလဲ
ငါ့ရင်ထဲကိုမင်းအချစ်များ
ဘယ်လမ်းကရောက်လာသလဲ
ပိတ်ဆို့ခြင်းခံတို့အချစ်များ
ဘယ်လမ်းကဆက်သွယ်မလဲ
ငါ့စိတ်ထဲမှာ မင်းစိတ်ထဲမှာ
မသိနိုင်တဲ့ မလွယ်ပေါက်တွေရှိ
မင်းမျှော်လင့်ချက်များကို ငါ့ရင်ထဲမှာ
အလင်းရောင်လေးတွေ ပေးချင်သေး...
လမ်း....
လမ်းပျောက်တဲ့နေ့ရက်များ..
လမ်း....
ဘယ်မှာရှာဖွေရမလဲ..
လမ်း....
လမ်းပျောက်တဲ့နေ့ရက်များ..
လမ်း....
ဘယ်မှာပြန်တွေ့ရမလဲ..
ဘယ်မှာပြန်တွေ့ရမလဲ..
ဘယ်မှာရှာဖွေရမလဲ..
ဘယ်မှာပြန်တွေ့ရမလဲ..
ဘယ်မှာပြန်တွေ့ရမလဲ..