သီချင်း - ဓါး
တေးဆို - Eternal Gosh
ငါဒဏ်ရာတွေများရလာတဲ့အခါ
ကုစားနိုင်မယ်လို့ထင်ခဲ့တာ
အညိုရောင်မျက်ဝန်းနက်နက်ထဲမှာ ဓါးလျှိုဝှက်ခဲ့သလား
ငါပြုံးပြီး မင်းလက်တစ်ဖက်ကိုနမ်းဖို့လိုက်လို့ရှာ
ငါပြုံးပြီး မင်းလက်တစ်ဖက်ကိုနမ်းဖို့လိုက်လို့ရှာ
ရန်သူလက်ထဲလွတ်မြောက်ဖို့ရာ
ကြိုးဖြည်ပေးမယ်ထင်ခဲ့တာ
ယုံကြည်ရသောမင်းလက်နှစ်ဖက်ဟာ
ငါ့ရင်ဘတ်နားမှာ
စူးသည့်ရင်ဘတ်
ဘာကြောင့်စူးသလဲငုံ့ကြည့်လိုက်စဉ်မှာ
စူးသည့်ရင်ဘတ်
ဘာကြောင့်စူးသလဲငုံ့ကြည့်လိုက်တဲ့အခါ
အသဲကို ဓါးနဲ့ထောက်လို့ထား
ထောက်လို့ထားတဲ့လက်က နမ်းခဲ့ဖူးတဲ့လက်တွေလား
သွေးထွက်တဲ့ထိငါမယုံခဲ့ဘူး
ဓါးနဲ့အထိုးခံရတာထက်
လုပ်ကြံခံရတာပိုရင်နာမိတာ
အနီးဆုံးကချစ်သူရန်သူဦး
မင်းလုပ်ရက်လိမ့်မယ်မထင်ခဲ့ဘူး
ရန်သူနဲ့ပေါင်းလုပ်ကြံလိမ့်မယ်
ချစ်တဲ့မင်းကိုမထင်ခဲ့ပါ
ကယ်တင်ဖို့များရောက်လာသလားလို့
ဝမ်းသာမဆုံးခင်မှာ
စူးသည့်ရင်ဘတ်
ဘာကြောင့်စူးသလဲငုံ့ကြည့်လိုက်စဉ်မှာ
စူးသည့်ရင်ဘတ်
ဘာကြောင့်စူးသလဲငုံ့ကြည့်လိုက်တဲ့အခါ
အသဲကို ဓါးနဲ့ထောက်လို့ထား
ထောက်လို့ထားတဲ့လက်က နမ်းခဲ့ဖူးတဲ့လက်တွေလား
သွေးထွက်တဲ့ထိငါမယုံခဲ့ဘူး
ဓါးနဲ့အထိုးခံရတာထက်
လုပ်ကြံခံရတာပိုရင်နာမိတာ
အနီးဆုံးကချစ်သူရန်သူဦး
မင်းလုပ်ရက်လိမ့်မယ်မထင်ခဲ့ဘူး
ရေး ....... ဟာ ...
ဓါးနဲ့အထိုးခံရတာထက်
လုပ်ကြံခံရတာပိုရင်နာမိတာ
အနီးဆုံးကချစ်သူရန်သူဦး
ဓါးနဲ့အထိုးခံရတာထက်
လုပ်ကြံခံရတာပိုရင်နာလွန်းလို့
အနီးဆုံးကချစ်သူရန်သူဦး
မင်းလုပ်ရက်လိမ့်မယ်မထင်ခဲ့ဘူး