သီချင်း - လူဖြစ်တဲ့ခဏ
တေးဆို - Floke Rose
လူဖြစ်တဲ့ခဏ
အသက်နှစ်ဆယ်အတွင်းမှာ
သိလာတာပိုက်ဆံကတော်တော်ကြီး
အရေးကြီးတာပဲ
အရာအားလုံးနီးပါးကိုသူလုပ်နိုင်တယ်လို့
ငါတွေးပြီးတာနဲ့ချွေးစီးပါရွှဲ
ဒီအကြောင်းတွေဘုရားနဲ့တွေ့မှမေးကြည့်ရမယ်
သုတ်ကောင်ဘဝကသန္ဓေသားဘဝကို
တဖြည်းဖြည်းသွားရင်း
လူဖြစ်လာတော့နေစရာစားစရာ
ဒါမိဘတွေပေးတဲ့ service
ဒီလိုနဲ့အရွယ်ရောက်လာတော့
ပုံးမှန်ဖို့ရုန်းကန်လှုပ်ရှားရင်း
နောက်ဆုံးတော့ပြာဖြစ်သွားတာပဲမဟုတ်လား
ဒါကထုံးစံ
ဒုက္ခတွေရောက်တုန်းကဘုရားရှေ့မှာ
ဒူးထောက်တိုင်တည်သေးတယ်
တကယ်တမ်းစဉ်းစားကြည့်
ငါ့ဒုက္ခကသူနဲ့မှမဆိုင်ဘဲ
ငါတို့တွေတကယ်တမ်းမပိုင်တဲ့အရာကို
ဖက်တွယ်ဖို့ကြိုးစားရင်းနဲ့ပဲ
အချိန်တွေကုန်ခဲ့ပြီအသိတရားတွေယိုင်နဲ့
လူတွေသေသွားတဲ့အခါမှာ
ခန္ဓာထဲကဝိညာဉ်ထွက်သွားတယ်ဆိုတာ
မယုံတဲ့ငါ့ကိုပတ်ဝန်းကျင်ကအပြစ်တင်လျက်
နိမ္ဗာန်နဲ့ငရဲတစ်ခုခုကို
မဖြစ်မနေရွေးရမှာပဲမဟုတ်လား
အမှန်တကယ်တော့
သေသွားရင်ဒီအတိုင်း
အေးသွားတာပဲမဟုတ်လား
လူဖြစ်တဲ့ခဏ
ဒီကမ္ဘာကြီးထဲ
ဘောင်နဲ့စည်းကမ်းများကြားထဲ
ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲ
မြူမှုန်များနဲ့ေ၀ဝါးသွားမယ်
တစ်ခါတစ်လေသူငယ်ချင်းတွေနဲ့သွားလာပြီး
တစ်ခါတစ်လေအထီးကျန်ဆန်လွန်းလို့
ငါ့အရိပ်တောင်ငါ့ရဲ့အနားမှာမရှိ
အသက်အရွယ်ကြီးလာတာနဲ့အမျှ
ဘဝကလိုက်ခါးလာသည်
လူသစ်တွေနဲ့တွေ့သလို
အနားကပျောက်သွားတာတွေလည်းများလာပြီ
လူဆိုတာသေပြီးသွားရင်
ဘာဖြစ်မယ်ဆိုတာအဖြစ်မရှိတဲ့ဘဝ
နောင်ဘဝဆိုတာကိုတွေးရင်း
လက်ရှိဘဝကိုရောနေကြည့်ရဲ့လား
ငါသေသွားတဲ့အခါမှာမြုပ်ပေးပါမြေကြီးထဲမှာ
ဘဝမှာကြောက်စရာဆိုတာမရှိတော့တာ
ငါ့အဖေသေပြီးကတည်းက
တစ်နေရာနဲ့တစ်နေရာ
ဝေးလွန်းရင်မသွားဘူး
ကိုယ့်ဟာကိုယ်တောင်ပျင်းလွန်းလို့
ထမင်းတောင်ညက်အောင်မဝါးဘူး
ဒါပေမဲြ့လည်းအချိန်တန်တော့
ထမင်းစားဖို့ပိုက်ဆံရှာ
မိဘတွေရဲ့အရိပ်အောက်မှာ
ကြာကြာမရှိသင့်တာကိုလက်ခံလား
သားသမီးတွေလည်းမွေးရဦးမယ်
ကိုယ့်ဘက်ကပြည့်အောင်လုပ်ပြီးတော့
မပြည့်တဲ့လူတွေကိုလည်းဖြည့်ရဦးမယ်
အခုထက်ထိတော့
အနာဂတ်ကေ၀ဝါးတုန်းပါပဲ
ဆိုပေမယ့်လည်း
လူဖြစ်တဲ့ခဏမှာ
ပျော်ပျော်ကြီးနေသွားဦးမယ်
လူဖြစ်တဲ့ခဏ
ဒီကမ္ဘာကြီးထဲ
ဘောင်နဲ့စည်းကမ်းများကြားထဲ
ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲ
မြူမှုန်များနဲ့ေ၀ဝါးသွားမယ်
နှစ်ခြောက်ဆယ်လားနေ့ရမယ့်ဘဝ
ဝေးပြီးခဲ့သမျှအဆုံးမှာ
ကြွေရတယ်မလား
လူ့ဘဝဟာစွန့်ပယ်ဖို့ခက်တာ
သံယောဇဉ်ကြိုးများရယ်ချည်နှောင်ထား
လူဖြစ်တဲ့ခဏ
ဒီကမ္ဘာကြီးထဲ
ဘောင်နဲ့စည်းကမ်းများကြားထဲ
ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲ
မြူမှုန်များနဲ့ေ၀ဝါးသွားမယ်