သီချင်း - နှင်း
တေးဆို - လွှမ်းပိုင် + ပိုပိုဟေသာ
လူတယောက်ဟာ
တကယ်တမ်းချစ်ရမယ့်သူတယောက်ဆိုတာ
ရှိနေမှာပဲလေ
ကျွန်တော့မှာလည်း ရှိဖူးတယ်
ကျွန်တော် သူ့အကြောင်းကို
ဒိုင်ယာရီလေး တခုရေးထားတယ်
သူ့နာမည်က နှင်း တဲ့
ကျွန်တော်ချစ်တဲ့
ကောင်မလေးနာမည်က နှင်းပါ
သူနဲ့ကျွန်တော်နဲ့ ခင်မင်မှု
သူငယ်ချင်း အရင်းအချာ
စိတ်တူချင်းသာ
ခင်မင်ပေါင်းသင်းလာရင်းကွာ
သူနဲ့ကျွန်တော်နဲ့ခင်လာခဲ့တာ
အခုဆို၁ဝနှစ်အတွင်း မှာ
ငယ်ငယ်ကတည်းက သူက ဘော်ကြည်ဆဲဗျ
သူ့ကိုလိုက်တဲ့ကောင်တွေဆို...
ကျွန်တော်က ပြူ းရဖြဲရ ဘူကြဆဲကြ
သူ့ကြောင့်ထုရခွဲရ... တချို့ကောင်တွေက
ကျွန်တော့်ကိုပြောတယ်
ကောက်ရိုးပုံစောင့်ခွေးဘဝ
အေးးးဟ .. သူတို့ပြောသလိုများ
ဖြစ်နေပြီလား ဒီလိုမေးတော့
သူကပြောတယ် နင်ကလည်း
လုပ်ပြန်ပြီဟာ... လုပ်ကြံစီကာ
ပြောနေတဲ့သူတွေက အဟုတ်မှန်ရီစရာ
ဒီလိုမျိုးတွေသူကပြောတော့
လွန်ခဲ့သမျှတွေ ကျုပ်မှန်သည်ဗျာ
လက်မထောင်အနေအထားနဲ့
မင်းဘေးမှာနေသွားမယ့်
အချို့တွေကအစေပါးတဲ့
ပြောလည်းငါမချေပခဲ့
အေးဆေးပါအနေအထားမမဲ့
မင်းနဲ့အတူ အပါယ်တံခါးမဲ့အောင်
ရည်စူးကာတည်ထားတဲ့ လက်ထဲကပိုက်ဆံ
၅၀၀၀ ဘုရားမှာလှူကာ ငွေဖလားနဲ ့
ခင်ပါတယ် မင်ပါတယ်
တကယ်ဆိုမင်းလည်း သိသင့့်တယ်
သူငယ်ချင်းကနေ ဖွင့်ပြောဖို့ရာ
မင်းပဲလိုအပ်တယ်
ရင်နာတယ် ရင်နာတယ်
နင်ဖွင့်ပြောဖို့မကြိုးစားနဲ့
နင်ထိန်းထားရင် သူငယ်ချင်းအဖြစ်နဲ့
နောက်ကောက်ကျန်ရစ်မယ် မင်းပဲ
ညဘက်ဆိုဖုန်းပြောတာ
အခုထက်ထိပါ သူနဲ့ငါနဲ့
မိုးလင်းရင် ဖုန်းဆက်ကာ
နှိုးတတ်တာ သူနဲ့ငါနဲ့
စိတ်ကောက်တာ သူနဲ့ငါနဲ့
ပြန်ချော့လည်း သူနဲ့ငါနဲ့
ဒါပေမယ့်ရည်းစားမဟုတ်ပါ
သူငယ်ချင်းပါပဲ သူနဲ့ငါနဲ့
မင်းကြိုက်တဲ့သီချင်းလေးတွေ
ရွေးပြီး CDထဲ ငါထည့်
ပန်းစည်းနဲ့ ပို့စကတ်တွေပေးဖို့
မင်းအိမ်ဘက်လာခဲ့
လမ်းတစ်ဝက်မှာအရှိန်တက်လာခဲ့
ကြောက်စိတ်ကြောင့် ငြိမ်သက်စွာနဲ့
အိမ်ဘက်ငါလှည့်ပြန်ခဲ့ချိန်
ပဲ့ကျန်ခဲ့တာ အိပ်မက်ပါပဲ
နဲနဲလေးတော့အတွေးအခေါ်လေးတွေ
ချော်ပါတယ်
သင်္ကြန်တွင်းတုန်းကလည်း
ပိတောက်ပန်းလေးတွေ ပေါ်တာနဲ့
သူ့ကိုပေးမယ်ဆိုပြီး သစ်ပင်တက်တာ
မတော်တာနဲ့ ပြုတ်ကျလို့ လက်ကျိုးပြီး
ဆေးရုံရောက်တာ ကျွန်တော်ပါပဲ
တော်ပါတယ် တော်ပါတယ်
သူကဒီလိုချီးကျူးလိုက်တော့
လက်ကျိုးခဲ့တာ အတော်နာလည်း
ငါပျော်ပါတယ် ဂေါ်ပါတယ်
ဘော်ဒါရယ် ဆိုပြီး
သူကျွန်တော့ပတ်တီးမှာ ပုံတွေဆွဲရင်း
ဆေးရုံစောင့်ကာ ပျော်ရှာတယ်
ရိုးရိုးလေးပဲပြောမယ်
ချစ်တယ် သူငယ်ချင်းရယ်
တကယ်တမ်းတော့ သတ္တိမရှိတာဒီလို
... ငါတို့ခင်ကျတာ မင်ကျတာ
တချိန်ကျကွာ ငါ့ကြောင့်
ပြင်ကျဆင်ကျပျက်သွားမှာကိုငါကြောက်တာ
ဒီအတိုင်းပဲ ရူးမယ်မင်းကို
ငါလေး ယဉ်ယဉ်လေးပဲ
မင်းနားမှာ ဝဲတဲ့လိပ်ပြာလို...
မင်းကိုပြောလည်း
မပြောရဲခဲ့တာနဲ့ စိတ်ကူးလေးနဲ့ပဲ
ချစ်တယ် နှင်းရယ် ...
ခင်ပါတယ် မင်ပါတယ်
တကယ်ဆိုမင်းလည်း သိသင့့်တယ်
သူငယ်ချင်းကနေ ဖွင့်ပြောဖို့ရာ
မင်းပဲလိုအပ်တယ်
ရင်နာတယ် ရင်နာတယ်
နင်ဖွင့်ပြောဖို့မကြိုးစားနဲ့
နင်ထိန်းထားရင် သူငယ်ချင်းအဖြစ်နဲ့
နောက်ကောက်ကျန်ရစ်မေ မင်းပဲ
ညဘက်ဆိုဖုန်းပြောတာ
အခုထက်ထိပါ သူနဲ့ငါနဲ့
မိုးလင်းရင် ဖုန်းဆက်ကာ
နှိုးတတ်တာ သူနဲ့ငါနဲ့
စိတ်ကောက်တာ သူနဲ့ငါနဲ့
ပြန်ချော့လည်း သူနဲ့ငါနဲ့
ဒါပေမယ့်ရည်းစားမဟုတ်ပါ
သူငယ်ချင်းပါပဲ သူနဲ့ငါနဲ့
မင်းကြိုက်တဲ့သီချင်းလေးတွေ
ရွေးပြီး CDထဲ ငါထည့်
ပန်းစည်းနဲ့ ပို့စကတ်တွေပေးဖို့
မင်းအိမ်ဘက်လာခဲ့
လမ်းဝမှာအရှိန်ပျက်လာခဲ့
ကြောက်စိတ်ကြောင့် ငြိမ်သက်စွာနဲ့
အိမ်ဘက်ငါလှည့်ပြန်ခဲ့ချိန်
ပဲ့ကျန်ခဲ့တာ အိပ်မက်ပါပဲ
အဲ့ဒီလိုနဲ့
သူ့ကိုကျွန်တော်ချစ်တယ်လို့
ကျွန်တော် တသက်လုံးမပြောခဲ့ပါဘူး
ဘာဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်
အခုဆိုရင် ကျွန်တော့သူငယ်ချင်းလည်း
သူချစ်တဲ့သူနဲ့
သူ့ဘဝလေးနဲ့သူ ပေျာ်နေပြီ
ငါနင့်ကို အမြဲတမ်း သတိရနေမှာပါ
နင်လည်းအခု ဒီသီချင်းလေးကိုကြားရင်
ငါတို့အရင်တုန်းကလုပ်ခဲ့တဲ့
ပေါက်ကရတွေ
ပျော်စရာအကြောင်းလေးတွေ
ပြန်ပြီး သတိရမှာပါ နော်
ထာဝရသူငယ်ချင်းပေါ့သူငယ်ချင်းရယ် ...
ခင်ပါတယ် မင်ပါတယ်
တကယ်ဆိုမင်းလည်း သိသင့့်တယ်
သူငယ်ချင်းကနေ ဖွင့်ပြောဖို့ရာ
မင်းပဲလိုအပ်တယ်
ရင်နာတယ် ရင်နာတယ်
နင်ဖွင့်ပြောဖို့မကြိုးစားနဲ့
နင်ဖျင်းထားရင် သူငယ်ချင်းအဖြစ်နဲ့
နောက်ကောက်ကျန်ရစ်မယ် မင်းပဲ...