(M+F)အသည်းထဲမှာနာကျင်တယ်
အချစ်ဦးရယ် နှုတ်ဆက်ရင်ငိုချင်တယ်
(င်္င်္F)ပျော်လို့မဆုံး ပြုံးလို့မဝသေးတယ်
ဒီအချိန်ဝယ် တစ်ရပ်တစ်ကျေးနယ်
အဝေးကိုသူသွားမယ် ရုတ်တရက်ကွယ်
(M)မခွဲစဖူးခွဲရက်တယ် ဘယ်လိုပင်ကွယ်
ဟန်ဆောင်ပါလည်းမလွယ်
(F)မျက်ရည်များကဝဲလို့သာလာပါတယ်
(M+F)သူရဲ့မျက်နှာမြင်ရရင်ကွယ်
စိတ်ထဲမယ်ခွဲရတာမလိုချင်တယ်
(M)မမျှော်လင့်ပဲ
ခွဲရတော့ကွယ်ငိုချင်တယ်
မျက်နှာချင်းဆိုင်ကြည့်ကာ
ရင်ထဲဝယ်ကြိတ်လို့ရယ်
နှစ်ဦးသားစကားပြောထွက်မလွယ်
ရီဝေစွာရယ်ငိုချင်လာမိတယ်
(F)တစ်ယောက်ကိုတစ်ယောက်က
နှုတ်ဆက်ခါသာရည်ရွယ်
(M+F)အသည်းထဲမှာနာကျင်တယ်
အချစ်ဦးရယ် နှုတ်ဆက်ရင်ငိုချင်တယ်
music
(F)မမျှော်လင့်ပဲ
ခွဲရတော့ကွယ်ငိုချင်တယ်
မျက်နှာချင်းဆိုင်ကြည့်ကာ
ရင်ထဲဝယ်ကြိတ်လို့ရယ်
(M)နှစ်ဦးသားစကား ပြောထွက်မလွယ်
ရီဝေစွာရယ်ငိုချင်လာမိတယ်
(F)တစ်ယောက်ကိုတစ်ယောက်က
နှုတ်ဆက်ခါသာရည်ရွယ်
(M+F)အသည်းထဲမှာနာကျင်တယ်
အချစ်ဦးရယ် နှုတ်ဆက်ရင်ငိုချင်တယ်