သီချင်း - Good Luck
တေးဆို - ထက်ယံ
မင်းမျက်ရည်နဲ့ ရေးသားနေတဲ့
မင်းနဲ့ငါရဲ့ ဒီအချစ်ဇာတ်လမ်းကို
ရှေ့ဆက်ဖို့အတွက်နင် ကြိုးစားမနေနဲ့
သိပ်ချစ်တာလည်း ငါသိပါတယ်
နင့်အတွက်နင်လည်း နင်စဉ်းစားပေးပါ
ဒီအချစ်တစ်ခုအတွက်နဲ့နင် ရူးမိုက်မနေနဲ့
Oh baby အတူတူ လက်တွဲ
ပုံဖော်ခဲ့သော ပျော်ရွှင်စရာများလည်း
ပြန်မလိုချင်နဲ့ မလွယ်ကူတော့ဘူး
မေ့စ်လိုက်ပါတော့. .
နင်ငိုမနေပါနဲ့ နင့်အတွက်
နင့်အတွက် နင့်အတွက်
အရာရာ အဆင်ပြေဖို့
Good luck. . Good luck. .
နင်ငိုမနေပါနဲ့ နင့်အတွက်
နင့်အတွက် ငါနင့်အတွက်
နင်ပျော်ရွှင်စေဖို့
Good luck. . Good luck. .
ဆုတောင်းပေးမယ် မင်းအတွက်. .
တိတ်. . တိတ်. . တိတ်. .
ငိုမနေနဲ့ မျက်ရည်သုတ်လိုက်
ပစ်စလက်ခတ် လျှောက်တွေးမနေနဲ့
ရပ်လိုက် မင်းသားနဲ့ မင်းသမီးနဲ့
Ending မှာ ပေါင်းဖက်တဲ့ နင်သိပ်ကို
အားကျတဲ့ ဇတ်လမ်းတွေ မေ့လိုက်
အတူတူဘုရားမှာ တောင်းခဲ့ဖူးတဲ့
ဆုတွေကိုလည်း မေ့လိုက်
အတူတူမော့ ကြည့်ဖူးတဲ့
ကြယ်တွေစုံတဲ့ ညတွေ မေ့လိုက်
မင်းဆုတ်ကာ ဖြဲလိုက်
လေထဲမှာ ဝဲလိုက်
လောင်ကျွမ်း ပြာချလိုက်
Yeah! Baby that's right
နင်. . နင်. .
နင့်အပြုံးများနဲ့ စီခြယ်ထားတဲ့
အပြာရောင် ကောင်းကင်ကြီးက
လှပလွန်းခဲ့ဖူးတယ် ဒူ. . ဒူ. . ချပ်. .
စည်းချက်မညီတဲ့ ဒီလိုသံစဉ်တွေ
အတူတူ Tempo ညှိခဲ့ဖူးတယ်
နင်လည်းသိတာပဲ
Romeo Juliet
သိပ်ပြီးချစ်သော်လည်း
နောက်ဆုံးဝေးကွာခဲ့
တကယ်တော့ အချစ်ဆိုတာ
ဘာမှလည်း မဟုတ်ပေမယ့်
ဘဝမှာအချစ်ကိုတော့ နင်မကိုးကွယ်နဲ့
ငါ့ဖုန်းတွေ ဆက်မနေနဲ့
Message တွေ ဆက်တိုက်ပို့မနေနဲ့
ငါ့ကိုနင် သတိရတဲ့အခါ
အိပ်ပစ်လိုက်ပါ အဲ့ဒါ
နင့်အတွက် ကောင်းပါတယ်
နင့်ခေါင်းထဲက ငါ့ရဲ့အကြောင်းတွေအားလုံး
ငါတို့နှစ်ယောက်ရဲ့ အမှတ်တရတွေအားလုံး
မေ့ပစ်ဖို့မျက်ရည်တွေ
ငါထိန်းပြီးတော့ပြောမယ်
I love u but, I have to go. .
နင်ငိုမနေပါနဲ့ နင့်အတွက်
နင့်အတွက် နင့်အတွက်
အရာရာ အဆင်ပြေဖို့
Good luck. . Good luck. .
နင်ငိုမနေပါနဲ့ နင့်အတွက်
နင့်အတွက် ငါနင့်အတွက်
နင်ပျော်ရွှင်စေဖို့
Good luck. . Good luck. .
ဆုတောင်းပေးမယ် မင်းအတွက်. .
မင်းအချစ်နဲ့မတန်တဲ့ ငါ့အတွက်
ပေးဆပ်ဖို့မတန်တဲ့ ငါ့အတွက်
နင်ငိုမနေနဲ့တော့
မင်းလှည့်ထွက်သွားလိုက်တော့
(မင်းလှည့်ထွက်သွားလိုက်)
မုန်းလို့ရရင်မုန်းလိုက်တော့
(မင်းမုန်းပစ်လိုက်)
အရာအားလုံးကိုမေ့ပြီးတော့. .
Yeah! Bye!
နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက်
(နင့်အတွက် ငါနင့်အတွက်ဟေးး)
အရာရာအဆင်ပြေဖို့
Good luck. . Good luck. .
(Good luck Good luck)
နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက်
(မင်းအတွက် ငါမင်းအတွက် ငါ့မင်းအတွက်)
နင်ပျော်ရွှင်စေဖို့
Good luck. . Good luck. .