1 ရွှေစင်သားအလှနဲ့
တင်စားရတဲ့
ခင်ထား ကျွန်မအချစ်ကို
လွယ်လွယ်ကူကူ
မလိုချင်ပါနဲ့အစ်ကို
အိမ်ကမိဘ
စိတ်တိုင်းကျလို့
နှစ်ကိုယ်နီးရဖို့ဆို
အိမ်ကိုလာကာ
တောင်းရမ်းလှည့်ပါ
အစ်ကို....
2 ခင်ခင်ထားပျိုနှမကို
လာလာပိုးတဲ့ လူပျို
ခင့်ကို ခင့်ကို
စွဲလန်းလွန်းသတဲ့ဆို
ခင်ခင်ထားရဲ့အနားကို
ပျံကာဝဲတဲ့စွန်ညို
ရှင့်ကို ရှင့်ကို
ကျိန်မယ်ဆိုတောင်
မယုံစားရဲဘူးး အစ်ကို
1 အသက်ကငယ်ငယ်
အရှက်ကကြွယ်ကြွယ်
အမြီးအတောင်စုံစအရွယ်
ခံစားချက်တွေရယ်
အိပ်မက်တွေရယ်
တို့ရင်မှာရှိတယ်
ချစ်တတ်ပါတယ်
လွမ်းတတ်ပါတယ်
သို့ပေမယ့်လည်းကွယ်
ရင်ခုန်သံကို
မြိုသိပ်ထားပါတယ်
2 ရည်းစားသာရကာ
အချစ်တို့ဘာညာ
နားတောင်မလည်သေးပါ
အရက်နဲ့ဘီယာ
မူးယစ်စေတာ
အနံတောင်ခံမရပါ
မိဘကြည်ဖြူ
သဘောလည်းအတူတူ
အမျိုးအဆွေတို့သဘောကျ
လိမ်လိမ်မာမာ နာခံမယ့်သူပါ
1 ယိမ်းနွဲ့ကာဟန်မူပို
သိပ်ချစ်ပါတယ်သူဆို
အတွေးထဲမှာ
အို ဝေခွဲမရနိုင်လို့
အလွမ်းဇာတ်တွေမကြုံချင်ပါ
မိဘတွေရဲ့ သဘောကျ
အိမ်မပိုင် စိန်ကြိုင်
ခင်ထားကျွန်မအဖြစ်ပါ
ခင်ခင်ထားပျိုနှမကို
လာလာပိုးတဲ့ လူပျို
ခင့်ကို ခင့်ကို
စွဲလန်းလွန်းသတဲ့ဆို
ခင်ခင်ထားရဲ့အနားကို
ပျံကာဝဲတဲ့စွန်ညို
ရှင့်ကို ရှင့်ကို
ကျိန်မယ်ဆိုတောင်
မယုံစားရဲဘူးအစ်ကို
2 ယိမ်းနွဲ့ကာဟန်မူပို
သိပ်ချစ်ပါတယ်သူဆို
အတွေးထဲမှာ
အို ဝေခွဲမရနိုင်လို့
အလွမ်းဇာတ်တွေမကြုံချင်ပါ
မိဘတွေရဲ့ သဘောကျ
အိမ်မပိုင် စိန်ကြိုင်
ခင်ထားကျွန်မအဖြစ်ပါ..ဟူး
ခင်ခင်ထားပျိုနှမကို
လာလာပိုးတဲ့ လူပျို
ခင့်ကို ခင့်ကို
စွဲလန်းလွန်းသတဲ့ဆို
အို ခင်ခင်ထားရဲ့အနားကို
ပျံကာဝဲတဲ့စွန်ညို
ရှင့်ကို ရှင့်ကို
ကျိန်မယ်ဆိုတောင်
မယုံစားရဲဘူးအစ်ကို
1 ခင်ခင်ထားပျိုနှမကို
လာလာပိုးတဲ့ လူပျို
ခင့်ကို ခင့်ကို
စွဲလန်းလွန်းသတဲ့ဆို
ခင်ခင်ထားရဲ့အနားကို
ပျံကာဝဲတဲ့စွန်ညို
ရှင့်ကို ရှင့်ကို
ကျိန်မယ်ဆိုတောင်
မယုံစားရဲဘူးအစ်ကို
?ရွှင်လန်းချမ်းမြေ့ပါစေ?