(feat) မှုန်ရီ ဝိုးတဝါးနဲ့ ရောင်နီနိုးထခဲ့
အတာနှစ်ကူးချိန် ပြန်ပြီးနိုးထလာ
သင်္ကြန်ဒိုးများနဲ့ ဝဿန်မိုးသားထဲ
ရွှေရောင်ပိတောက်ပန်းတွေ
ပွင့်ဖူးခူးဆွတ်ချိန်မှာလေရေသဘင်ကြား
တာဝတိံသာ နန္ဒဝန်က
ပဉ္စသိင်္ခထံမှ နတ်စောင်းသံ
ပျံသန်းတီးခတ် အချိန်ခါဟာပျိုဖြူတွေကြား
ကိန္နရီ ကိန္နရာ ဖျော်ဖြေဟန်များ
မြိုင်ဆိုင်ဝေဆာ ညီညာကကြိုးခြွေ
နှစ်ဦးတန်ခူးလအချိန်
နှစ်ဦးတန်ခူးလအချိန်
(rap) ရွှင်လန်းကာ စိတ်ချမ်းသာကြစေ
စိတ်နှလုံးပြည့် ကိုယ်ကျန်းမာကြစေ
အရွယ်သုံးသွယ် အနာကင်းကာလှစေ
တောင်းဆုတွေ လိုတိုင်းသာပြည့်စေ
ဆန်စပါးတွေ ပြည့်ဖြိုးကြွယ်ဝစေ
သဒ္ဓါတရားပြည့် လှူဒါန်းနိုင်ကြစေ
ရွှေမိုးတွေ ရွာသွန်းကာကြစေ
မောင်မယ်တွေ ချစ်ကြိုးသွယ်ကြစေ
ယား..လောင်းခဲ့တာကြာလှပြီ
သင်္ကြန်တလို စကားသည်မာဂဓ
သင်္ကန္တ၊ သင်သက္ကရိုက်ကနေ
ရွေ့လျားဆင်းသက်တဲ့ ပြောင်းလဲချိန်ကာလ
ဆိုင်းသံက ဗုံနှောင်ဗုံနှောင်နဲ့
စောင်းသံက တူနှောင်တူနှောင်
စောင်းသံက တူနှောင်တူနှောင်နဲ့
ဆိုင်းသံက ဗုံနှောင်ဗုံနှောင်
ဘိုးဘွားတွေ ရေကန်တော့ခြင်းတို့၏
အစဉ်လာ၁ပါးဟာလည်း မင်္ဂလာများစွာနဲ့
ဥပုသ်စောင့် ကုသိုလ်တရားတွေလဲ
ရင်မှာများစွာနဲ့ ထင်ကျန်သွားမှာပဲ
ကျန်တဲ့ပန်းတွေ ဝန်ခံသွားပါတယ်
မွေးရနံ့မမှီအောင် ကြိုင်နေကာလှ
လတန်ခူးပေမို့ အလှထူးပေတဲ့
မြဖူးရယ်တဲ့ ခိုင်ရွှေဝါကွ
(feat) မြန်မာပြည်ရေသဘင်ကြား
တာဝတိံသာ နန္ဒဝန်က
ပဉ္စသိင်္ခထံမှ နတ်စောင်းသံ
ပျံသန်းတီးခတ် အချိန်ခါဟာပျိုဖြူတွေကြား
ကိန္နရီ ကိန္နရာ ဖျော်ဖြေဟန်များ
မြိုင်ဆိုင်ဝေဆာ ညီညာကကြိုးခြွေ
နှစ်ဦးတန်ခူးလအချိန်
နှစ်ဦးတန်ခူးလအချိန်
(rap) ဒို့ရိုးရာသင်္ကြန်ကျပြီကွ
မဏ္ဍပ်တွေ အပြိုင်လှနေ
လက်ထဲမှာရေဖလားတွေနဲ့
နှစ်သစ်ကိုကြိုဆိုဖို့လေ
အတာအိုးတွေထဲ ခရေပန်းတွေနဲ့
ဒယ်အိုးတွေထဲ မုန့်လုံးတွေနဲ့
သင်္ကြန်ဒိုးတွေနဲ့ ပျော်မြူးနေခဲ့
သပြေခက်တွေနဲ့ ရေပက်နေခဲ့
ရေကစားတယ် ခင်ကြမင်ကြ
ယဉ်ကျေးမြင့်မား စိတ်ထားဟာလှတယ်
ဒါပြီးရင်နှစ်ဆန်းကာလ
မြို့လမ်းရွာမကျန် ပရိတ်တရားနာကြမယ်
တန်ခူးကာလမိတ်များစွာရ
ရာသီ(၁၂)လလည်း အရမ်းပဲလှပါရဲ့
အတက်နေ့ရဲ့ နှုတ်ဆက်နေဝင်ချိန်က
ဘာလို့မှန်းမသိ ဝမ်းနည်းရပါတယ်
(feat) မြန်မာပြည်ရေသဘင်ကြား
တာဝတိံသာ နန္ဒဝန်က
ပဉ္စသိင်္ခထံမှ နတ်စောင်းသံ
ပျံသန်းတီးခတ် အချိန်ခါဟာပျိုဖြူတွေကြား
ကိန္နရီ ကိန္နရာ ဖျော်ဖြေဟန်များ
မြိုင်ဆိုင်ဝေဆာ ညီညာကကြိုးခြွေ
နှစ်ဦးတန်ခူးလအချိန်
နှစ်ဦးတန်ခူးလအချိန်
နှစ်ဦးတန်ခူးလအချိန်