menu-iconlogo
huatong
huatong
avatar

အလွမ်းမိုးရာသီ

ဇေယျာနိုင်huatong
precentres1huatong
Lyrics
Recordings
အလွမ်းတွေကို

သယ်ဆောင်လာတဲ့မုတ်သုန်မိုးနဲ့အညီ

ဇွန်ပန်းတွေဖူးပွင့်ကြချိန်

မိုးသည်းထဲတို့နှစ်ယောက်ဆုံလာ

အလွမ်းရာဇ၀င် မိုးကသိတယ်

အလွမ်းဖြေစရာ

ရာသီအမှီတော့လှမ်းလာမိုးနဲ့အတူ

ရင်ထဲမှာအမြဲတမ်းမင်းကို

တမ်းတလို့သတိရနေတာ

အလွမ်းရာသီ မိုးမျက်ရည်

ကြင်နာသူရယ်…

ဇွန်ပန်းပွင့်ချိန်ပြန်ခဲ့ပါ့မယ်

ချစ်သူပြောတဲ့စကားသံ ပြန်ကြားယောင်နေ

အနှစ်တစ်ရာပြောင်းစေ…

၀သန်မိုးတိုင်းစောင့်နေ…

အာကာတစ်ခွင်မှာ

တိမ်ရိပ်လှိုင်းတွေညိုမည်းလို့မှောင်

မိုးရေထဲကချစ်သူ ဘယ်ရောက်နေသလဲ

မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်

ဆောင်းကိုမခင်

နွေကိုတစ်သက်လုံးမုန်းတတ်သွားခဲ့ပြီ

ရင်ထဲမှာမစဲသောမိုးတွေ

အမြဲတမ်းပဲသွန်းဖြိုးရွာနေ

အလွမ်းရာသီပျိုးတဲ့မိုးရေ…

အလွမ်းတွေကို

သယ်ဆောင်လာတဲ့မုတ်သုန်မိုးနဲ့အညီ

ဇွန်ပန်းတွေဖူးပွင့်ကြချိန်

မိုးသည်းထဲတို့နှစ်ယောက်ဆုံလာ

အလွမ်းရာဇ၀င် မိုးကသိတယ်

အလွမ်းဖြေစရာ

ရာသီအမှီတော့လှမ်းလာမိုးနဲ့အတူ

ရင်ထဲမှာအမြဲတမ်းမင်းကို

တမ်းတလို့သတိရနေတာ

အလွမ်းရာသီ မိုးမျက်ရည်

ကြင်နာသူရယ်…

ဇွန်ပန်းပွင့်ချိန်ပြန်ခဲ့ပါ့မယ်

ချစ်သူပြောတဲ့စကားသံ ပြန်ကြားယောင်နေ

အနှစ်တစ်ရာပြောင်းစေ

၀သန်မိုးတိုင်းစောင့်နေ…

အာကာတစ်ခွင်မှာ

တိမ်ရိပ်လှိုင်းတွေညိုမည်းလို့မှောင်

မိုးရေထဲကချစ်သူ ဘယ်ရောက်နေသလဲ

မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်

ဆောင်းကိုမခင်

နွေကိုတစ်သက်လုံးမုန်းတတ်သွားခဲ့ပြီ

ရင်ထဲမှာမစဲသောမိုးတွေ

အမြဲတမ်းပဲသွန်းဖြိုးရွာနေ

အလွမ်းရာသီပျိုးတဲ့မိုးရေ…

More From ဇေယျာနိုင်

See alllogo