ချစ်ကမ္ဘာရှာမယ်
<ကျား၊မ> တေးပြု>ဒီးနား
ဆို> ရန်အောင်+ထက်ထက်မိုးဦး
>><<
<ကျား>Go
နေချင်ပါပြီကွယ် အတူတူပဲ ချစ်တဲ့
တို့နှစ်ယောက် တွေ့ကြမယ်နေရာ
တိမ်လွှာကို ကျော်ကာ
နေမှာလား အချစ်ရဲ့
ထူးထူးခြားခြား ဆန်းပြားတယ်!
<မ> သိပ်ချစ်တဲ့ မောင်မောင်ရယ်
အို! နေချင် ပါဘူး
မောင်လူချောလေးမို့ သဝန်တိုတယ်
အလှနတ် သူဇာတွေ
ဝိုင်းချစ်တော့ ငိုချင်ပါမယ်
သွားစို့ သွားစို့နော်
အို! တခြား ရှာမယ်...
<ကျား> ပင်လယ်ရေ ပြာပြာ
ဟိုအနက်ထဲ သွားလို့
တို့နှစ်ယောက် ထဲပဲ ပျော်နေမယ်
လာပါမေရယ် ရွှေငွေငါး များလို့
မြူးတူး ပြေးလွှား ကူးကစားကြမယ်
<မ> သိပ်ချစ်တဲ့ မောင်မောင်ရယ်
အို! နေချင် ပါဘူး
မောင်လူချောလေးမို့ သဝန်တိုတယ်
အလှနတ် သူဇာတွေ
ဝိုင်းချစ်တော့ ငိုချင် ပါမယ်
သွားစို့ သွားစို့နော်
အို! တခြားရှာမယ်
<ကျား> တောင်ကမ်းပါးယံတွေ အလယ်
ရေတံခွန်များ ပေါတဲ့
တောထဲ သွားပြီး နေမယ်ကွယ်
ချိုသံသာ မောင်နံ ရွှေငှက်များပေါလို့
ချစ်စရာ့ တေးများ ကြားရမယ်
>><<
<မ> Go
သိပ်ချစ်တဲ့ မောင်မောင်ရယ်
အို! နေချင် ပါဘူး
မောင်လူချောလေးမို့ သဝန်တိုတယ်
အလှနတ် သူဇာတွေ
ဝိုင်းချစ်တော့ ငိုချင် ပါမယ်
သွားစို့ သွားစို့နော်
အို! တခြားရှာမယ်
>><<
<ကျား>Go
ဒီလိုဆိုမေရယ် ဘယ်ကိုများ သွားလို့
စိတ်ချလက်ချ နေနိုင်မှာလဲ!
နေစရာနေရာ ရှာမှ ရှားပြီး
အချစ်ရဲ့ မင်းပဲ ရွေးပေးကွယ်..
<မ> သိပ်ချစ်တဲ့ မောင်မောင်ရယ်
အို! ရှာ မနေနဲ့
ဘယ်ကိုသွားသွား မလုံပါကွယ်
အသည်းရဲ့ တစ်နေရာဝယ်
ပုန်းအိပ်စို့ တူတူမောင်ရယ်
ချစ်တဲ့တို့ နှစ်ယောက်
သီးခြား ချစ်ကမ္ဘာ အလယ်
<ကျား> ချစ်တဲ့တို့နှစ်ယောက် သီးခြားအို!
<မ> ချစ်တဲ့တို့နှစ်ယောက်
<ကျား> ချစ်တဲ့တို့နှစ်ယောက် သီးခြားအို!
<မ> ချစ်တဲ့ တို့နှစ်ယောက်
<ကျား> ချစ်တဲ့တို့နှစ်ယောက် သီးခြား
<မ> ချစ်တဲ့ တို့နှစ်ယောက်
<ကျား> ချစ်တဲ့တို့နှစ်ယောက်......